Chapter(8)(U&Z)

17.4K 1.4K 21
                                    

Unicode//

ပျားသကာသို့ချိုလှသည့်ချစ်ခြင်း နှင့်

Chapter(8)

For zawgyi users, please scroll down the page😘😘.

ကုတင်ထက် တွင် ထိုင်နေရာမှ ကိုယ်ကို နောက်သို့ ဆုတ် လိုက်ရင်း လက်နှစ်ဖက် ဖြင့် ကိုယ်ကို ယှက်လိုက်ကာ မေးလိုက်သည်.................။

"ဘာ ဘာ လုပ်တာလဲဗျ................။"

ထိုလူ့ နှုတ်ခမ်းထောင့် တွေက မဆိုစလောက် ကော့တက်သွားပြီး ဖြေေပေးလာသည်..................။

"ကိုယ်ဆောင်းပါးတစ်ပုဒ်မှာ ဖတ်ဖူးလိုက်တယ်.................။
ကိုယ့်ကလေး ရဲ့ မိခင်ကို မိခင် ကိုယ်ဝန်ဆောင်ချိန်မှာ ရင်းနှီး ချစ်ခင်တဲ့ အပြုအမှု တွေ ၊ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုတွေ လုပ်ပေးရင် မိခင်ရဲ့ ဝမ်းဗိုက်ထဲက ကလေးက ဖခင်ကို ပိုချစ်လာတယ်တဲ့.........................။"

"အဲ့လိုမျိုး တကယ် ရှိလို့လားဗျ.....................။"

မယုံသင်္ကာ ဟန် မေးကြည့် လိုက်တော့ ထိုလူက ခေါင်းကို ခပ်သွက်သွက် ညိမ့်ပြရင်း ဆိုလာသည်.......................။

"ကိုယ်က ကိုယ့်ကလေး အတွက် လုပ် တာ ပါ မရဘူးလား.....................။"

ဟင်း သူ့ကလေး အတွက် လုပ်နေတာပဲလေ ...................။
ဒီအတိုင်းပဲ ထားလိုက်ပါတော့မယ်................။
မာဖီးယား နဲ့ ပြိုင်ငြင်းလို့လည်း ကောင်းတာ မှ မရှိတာ....................။

"မရဘူးလား ဘေဘီ................။"

"ရပါတယ် ..................။"

"အိုကေလေ ဒါဆို good night ဘေဘီ.................။"

ဆက်မပြောချင်တော့၍ အိပ်ရာထဲသို့ ပစ်လှဲချ လိုက်ကာ မျက်လုံး များ မှိတ်လိုက်တော့သည်....................။

မျက်လုံး မှိတ်လိုက်ပြီး သိပ်မကြာ တစ်စုံတစ်ခုက ခြေထောက်ကို လာကိုင်သည်မို့ အလန့်တကြားဖြင့်နိုးလာမိသည်....................။

ကြည့်လိုက်တော့ ထိုလူ .....................။
နီရဲ နေသော မျက်လုံး များက သွေးဆာနေသော မိစ္ဆာ တစ်ကောင်လို....................။

ထိုလူ့ လက်တွေ ကြည့်လိုက်တော့ သွေး များ ဖြင့်ရွဲရွဲ စိုနေလေသည်.......................။

(ပျားသကာသို့ချိုလှသောချစ်ခြင်း နှင့်🌹🌷)(Completed)Onde histórias criam vida. Descubra agora