Chapter(14)(U&Z)

14K 1.1K 35
                                    

Unicode//

ပျားသကာသို့ချိုလှသောချစ်ခြင်း နှင့်

Chapter(14)

For zawgyi users, please scroll down the page🥰😘.

ညဖက် အိပ်နေရာမှ မျက်လုံးကို ဖျတ်ခနဲ ဖွင့်လိုက်ကာ နံဘေး မှ ထိုလူကိုကြည့်လိုက်သည်................။

အိပ်သွားပြီ.............။
အသာလေး ဖုန်းကို လှမ်းယူကာ နာရီကြည့်လိုက်တော့ တစ်နာရီ ခွဲနေပြီ...................။

ဒီလူ အိပ်ပျော်သွားမည့်ဒီအချိန်ထိ လူကအိပ်ချင်ယောင်ဆောင်နေရတာဖြစ်သည်.................။
အိပ်ချင်ယောင်ဆောင်နေရာမှ တကယ်အိပ်ပျော်သွားမှာ စိုးလို့ လက်ဖမိုးမှ အသားကို လိမ်ကာဆွဲဆိတ်ထားရတာ နာလွန်း၍နီပင်နီနေပြီဖြစ်သည်.................။

ဒီအချိန် ဒီလိုမျိုး ဒုက္ခခံ နေရသည့် က ဒီကနေ့ည၏ ပွဲစဉ်ကို လက်လွတ်သွားမှာစိုး၍...................။

မနက်ဖြန်ကမ္ဘာကြီး ပျက်မယ် ဆိုရင်တောင်ဒီနေ့ည၏ ပရီးမီးယားလိဂ်ပွဲစဉ်ကိုတော့ ကြည့်ဖြစ်အောင်ကြည့်သွားရမည်က ကျွန်တော့်သံဋိဌာန် ပင် ဖြစ်သည်...................။

သို့သော် ယခုတော့...............။
ငါလိုး .............။
သောက် မာဖီးယားကြောင့် တစ်သက်နှင့်တစ်ကိုယ်မလုပ်ဖူးသည့်  ဆယ့်တစ်နာရီ ခွဲ တွင် ယှဉ်ပြိုင်သွားသည့် လီဗာပူးပွဲစဉ်ကိုတော့ နှမျောသတစွာ ဖြင့် လက်လွတ်လိုက်ရသည်...................။

ယခု ည နှစ်နာရီတွင် စတော့မည့် ဆီဗီလာ ၊ ရီးရဲ ပွဲစဉ်ကိုတော့ ဖြင့် ရအောင်ကြည့်ရမည်.................။

ခြေဖွနင်းကာ အိပ်ရာထက်မှ အသာထလိုက်ပြီး ကျောပိုးလွယ်အိတ်ကေိုယူ ၍ ကုပ်ကုပ် ကုပ်ကုပ်ဖြင့် အောက်ထပ်ဧည့်ခန်းသို့ ဆင်းလာခဲ့သည်..................။

အိပ်ခန်းထဲရှိ တီဗီတွင်တော့ကြည့်လို့မဖြစ်................။
မီးဖိုခန်းသို့သွားကာ ဖန်ခွက်ထဲ ရေခဲ ထည့် ၍ ယူလာလိုက်သည်.................။

တီဗွီကို ဖွင့်၍ အသံကို သိပ်မကျယ်ရဲ.............။
နည်းနည်းလျော့ ဖွင့်ကာ ကျောပိုးအိတ်ထဲ အသင့်ထည့်လာသော အာလူးကြော်ထုပ်နှင့် ကိုလာကိုထုတ်လိုက်သည်................။

(ပျားသကာသို့ချိုလှသောချစ်ခြင်း နှင့်🌹🌷)(Completed)Where stories live. Discover now