Chapter(11)(U&Z)

15.2K 1.2K 90
                                    

Unicode//

ပျားသကာသို့ချိုလှသောချစ်ခြင်း နှင့်
Chapter(11)

For zawgyi users,please scroll down the page🥰😘.

ရေချိုးခန်း မှ ထွက်လာချိန် သူက ကျွန်တော့်ကို မေးလာခဲ့သည်..................။

"မင်း ဒီနေ့လည် တစ်နာရီကျော်မှာ အရေးကြီးတဲ့အတန်းချိန် ရှိလား.......................။"

"ဒီနေ့ လား ။
မရှိပါဘူး.................။"

"အိုကေ ဒါဆို ကိုယ် မင်းကို နေ့လည် တစ်နာရီမှာ လာခေါ်မယ်.................။"

"ဘာဘာ လို့လဲ...............။"

ဘာကြောင့် အတန်းရှိလား မေးပြီးလာခေါ်မှာတဲ့လဲ......................။
ကျွန်တော် သိချင်စိတ်ဖြင့် ပြန်မေးလိုက်သည်...................။

"ဘေဘီ ဒီနေ့ အိုဂျီ နဲ့ ပြရမှာ လို့ ကိုယ်မနေ့ညက ပြောခဲ့တယ်လေ ကွာ.....................။"

ငိ ဟုတ်သား ။
ဒါဆို တကယ်ကြီး ကျွန်တော်ကအိုဂျီ ဆီ သွား ရတော့မှာပေါ့..................။

ပြွတ်စ်!

"အိုကေ ဒါဆို ဘေဘီ မနက်စာ မစား ရသေးဘူး မို့လား သွားစားတော့လေ................။
ကိုယ့်ကို မစောင့်နဲ့တော့...............။
ကိုယ် အလုပ်ကိစ္စ အရေးကြီး နေလို့ အမြန် သွားရမယ်.................။"

ခါးတွင် bathrobe ပတ်လျက် ရေချိုးခန်း ဝင်သွားသူကို ကြည့် ရင်း ညာဖက်ပါးပြင်ကို ခပ်ကြမ်းကြမ်း ပွတ်လိုက်သည်.....................။

လိ့ မနက်စောစောကြီး မှာ လူကိုအသား ယူ သွားသေးတယ်................။

ကျောင်းသို့ ဆယ်နာရီလောက်မှ သွား မည်ဟု တွေးထားတာမို့ မနက်စာ စားပြီးနောက် ခြံထဲသို့ ဆင်းကာ လှည့် ပတ် နေလိုက်သည်....................။

ခြံထဲသို့ ဆင်းလိုက်သည်နှင့် အပြေးကလေး အမြီးနှံ့ကာလာကြိုသည့် နစ်ကီ...................။

"ဟေး ငါ့ကောင်ကြီး ဒီနေ့ အူမြူး နေပါ့လားကွ..................။"

ခေါင်းလေးကို ပွတ်သပ်ပေးလိုက်တော့ သဘောကျစွာ အမြှီးတွေ ခါရမ်းလျက် နံဘေး တွင်လှည့်ပတ်နေလေသည်..................။

ဒီhuskey လေးက လည်း အခုဆို ကျွန်တော့်ကိုတော်တော် ခင်တွယ်တတ်နေပြီဖြစ်သည်..................။

(ပျားသကာသို့ချိုလှသောချစ်ခြင်း နှင့်🌹🌷)(Completed)Where stories live. Discover now