Chapter(25)(U&Z)

13K 1K 17
                                    

Unicode//

ပျားသကာသို့ချိုလှသည့်ချစ်ခြင်း နှင့်

Chapter(25)

For zawgyi users,please scroll down the page🥰😘.

"လွန်ခဲ့သောလေးနှစ်က..................။"

ဆယ်ကျော်သက်အရွယ် ကပင် ဖေဖေ့ရဲ့ အလုပ်တွေကို ကူညီလုပ်ကိုင်ပေးခဲ့သည်.................။

အလုပ်သင်အဖြစ် အောက်ခြေဝန်ထမ်း ဘဝမှ စ၍  ဖေဖေ့ အကူညီ တစ်ခုမှ မပါဘဲ ကိုယ့် အရည်ချင်းနှင့်ကိုယ် နေရာတစ်ခုသို့  ရောက်အောင် တက်လှမ်း ခဲ့သည်.....................။

အောင်မြင်စွာ ခြေလှမ်းနိုင်ခဲ့သည်................။

ကိုယ်တိုင်ကလည်း သူတစ်ပါး အပြစ် ပြောစရာ ရှာမရအောင် စံပြဖြစ်နေအောင် ၊ ထူးချွန်နေစေဖို့ လုံ့လထုတ်ကြိုးပမ်း အားထုတ်ခဲ့သည်.................။

ဖေဖေ့ ၏  လက်ရုံး တစ်ဆူ လို အား ကိုး ရနိုင်အောင်ကြိုးပမ်းဆောင်ရွက်ခဲ့သည်..................။

ထွန်းတောက်နေ Group ၏ ဆက်ခံသူဆိုသည့် နေရာကို မည်သူကမျှ ဝေဖန်  လက်ညိုးထိုးစရာ မဖြစ်ရအောင် ..................။

ထိုနေရာနှင့်ထိုက်တန်သူသည် ကျွန်တော်မှ တစ်ပါး တစ်ခြားမရှိ ဟု ယူဆ နိုင်ရလေအောင် ကျွန်တော်ကြိုးစားခဲ့သည်.............။

အမြဲတမ်း အလုပ် ကိုသာ ဦးစားပေးရင်း ရှေ့ဆက်ခဲ့သည့်ကျွန်တော့့်ကြောင့် သူငယ်ချင်းများကပင် အလုပ်သရဲဟု ခေါ် ဆိုလာကြသည်.............။

အမြဲတမ်း အလုပ်များဖြင့် မအားလပ်နိုင်ခဲ့သည့် ကျွန်တော့် အား ငယ်သူငယ်ချင်းဖြစ်သူ ဥက္ကာစိုးမှ သူ၏ဇာတိမြို့ဖြစ်သော တောင်ကြီးမြို့သို့လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ခဲ့သည်..................။

ကျောင်းပြီးတည်းက မဆုံဖြစ်ကြတာ ကြာပြီဖြစ်သော သူငယ်ချင်းများအားလုံး အတူတူ စုဝေးဆုံစည်းကြရင်း တောင်ကြီး တန်ဆောင်တိုင်ကို ပါ အတူတူ ဆင်နွှဲရန် ဖိတ်ခေါ် လာခဲ့သည်.....................။

မအားလပ်နိုင်သည့် အချိန် ကြောင့် ပထမတုန်းက ငြင်းပယ်ခဲ့သော်လည်း ဥက္ကာစိုးတို့၏ အကြိမ် ကြိမ် ဖိတ်ခေါ်မှုများကြောင့်  ခနတာ အပန်း ဖြေ ရန် ရည်ရွယ် ၍ နောက်ဆုံး၌ တောင်ကြီးမြို့သို့ ကျွန်တော် ရောက်ရှိလာခဲ့သည်.................။

(ပျားသကာသို့ချိုလှသောချစ်ခြင်း နှင့်🌹🌷)(Completed)Where stories live. Discover now