Chapter(46)(U&Z)

10.2K 822 15
                                    

Unicode//

ပျားသကာသို့ချိုလှသည့်ချစ်ခြင်း နှင့်

Chapter(46)

For zawgyi users,please scroll down the page😘😘.

ဖြိုးဇေယျာနိုင် ကျောင်းမှ အပြန် ကားပေါ်၌မှီကာ အိပ်စက်ရင်း လိုက်ပါလာမိသည်...................။

မနေ့ညက ဘောပွဲ အရှိန်ကောင်းသွားတာမို့ လူက သိပ်အိပ်ရေးမဝချင်.....................။
ကျူတိုရီရယ် တွေ ရှိနေလို့သာ ကျောင်းကို သွားလိုက်ရတာဖြစ်သည်......................။

နို့မို့ သိပ်သွားချင်လှတာမဟုတ်.................။

အိမ်ခြံဝန်းအတွင်းသို့ ကားကဝင်ရောက်လာသည့်တိုင် အိပ်ပျော်နေရာမှ မနိုးမိသေး..................။

"ကတော်လေး အိမ်ရောက်ပါပြီခင်ဗျ..................။"

ကိုကျော်စွာလင်းရဲ့ အသံကိုကြားမှ ကျိန်းစပ်နေသည့် မျက်လုံးများကို ပွတ်သပ်ရင်း ဘေးဘီသို့ လှည့်ကြည့်လိုက်သည်...................။

"ဝါး အိမ်တောင်ပြန်ရောက်ပြီပဲ...............။"

သမ်းဝေကာ အကြောဆန့်ရင်း ကားပေါ်မှ ဆင်းလိုက်သည်.....................။

ကားပေါ်မှာတင် တစ်ရေးကောင်းကောင်းရသွားတာမို့ လူက နည်းနည်းတော့အိပ်ရေးဝသွားပြီဖြစ်သည်.....................။

အိမ်ရှေ့ဆင်ဝင်အောက်တွင် ကားအနက်တစ်စီးရပ်ထားလျက်ရှိသည်ကိုတွေ့လိုက်ရသည်မို့ စူးစမ်းအကဲခတ်မိသည်..................။

ဘဲကြီးကတော့ အလုပ်ကနေ ပြန်မရောက်လောက်သေးပါဘူး.......................။

ထို့ကြောင့် ဒီအိမ်ရှေ့ဆင်ဝင်အောက်တွင် ရပ်ထား သည့် ထိုအနက်ရောင် ကားက.......................။
ဘဲကြီး ၏ များစွာ သော ကားများ အနက်မှ တစ်စီးစီးမဟုတ်နိုင်ချေ.....................။

တစ်ယောက်ယောက်က အိမ်လာလည်တာများလား....................။

လာလည်တယ် ဆိုခါမှ ဟိုတစ်ခါကလို မတော်ရသေးသည့် ယောက္ခမလောင်းကြီး ပေါက်ချ လာတာတော့မဟုတ်လောက်ပါဘူးနော်......................။

မျက်နှာတည်တည်ဖြင့် ကျွန်တော့်အပေါ် မနှစ်လိုဟန်တွေ အပြည့်ရှိသည့် ဒေါ်မေယမင်းခိုင်ကိုတော့ဖြင့်  ဘဲကြီးမရှိသည့်အချိန် နှစ်ယောက်တည်း ထိပ်တိုက်မတွေ့လိုလှ...........................။

(ပျားသကာသို့ချိုလှသောချစ်ခြင်း နှင့်🌹🌷)(Completed)Where stories live. Discover now