Chapter(21)(U&Z)

12.7K 1K 20
                                    

Unicode//

ပျားသကာသို့ချိုလှသည့်ချစ်ခြင်း နှင့်

Chapter(21)

For zawgyi users,please scroll down the page🥰😘.

ညို့ငင်စေစားမှုအောက် တခန လောက် ယစ်မူးကာ မင်သက် တွေဝေမိသွားခဲ့သည်...............။

သူ့မျက်နှာသည် ငုံ့ကိုင်းကာ ကျွန်တော့် မျက်နှာ အနား သို့ တိုးကပ်ကာ နှုတ်ခမ်းဖျား တို့ ထံ ညင်သာ စွာ ထိခတ် လာချိန် ၌ ငြင်းပယ်ဖို့ ဆန္ဒတို့ မရှိမိ.................။

ဘာကြောင့်များလဲ..............။
သူ့ရဲ့ ဒီအပြု အမှု တွေ မှာ ကျင့်သား ရလာ ခဲ့လို့ များလား....................။

ဟင့်အင်း ကျင့်သားမရချင်မိဘူး................။
တစ်နေ့နေ့ တစ်ချိန်ချိန် မှာ ရပ်တန့် သွား မယ့် ဒီ ကြင်နာမှု တွေ အောက်မှာ သာယာ မိသွား လို့မဖြစ်ဘူး...................။

သူ့ထံ မှ ရရှိနေသည့် ဒီအရာတွေအားလုံး က အစစ်အမှန်တွေ မဟုတ်သည့် အတုအယောင် တခန မျှသာ ပိုင်ဆိုင်ခွင့် ရမည့် အရာ တွေ သာ ဖြစ်လေသည်..................။

သူ့ရင်ခွင် တွင်း မှ တွန်းဖယ်ကာ ရုန်း ထွက်လိုက်သည်................။

"ခင်ဗျား အခုမှ ပြန်ရောက်တာလား.................။"

"အဟမ်း ဆိုပါတော့..................။"

"ကျွန်တော့် ကို ဖမ်းဆွဲ ပေးလို့ ကျေးဇူး ပဲ.............။
မဟုတ်ရင် ငါးကန် ထဲ ကငါးကလေး တွေ နဲ့ အတူတူ ရေကူး မိတော့ မှာ................။
အင်း ငါးကလေး တွေ ကတော့ ပျော်နေတော့ မှာပဲဗျာ.................။
ငါး စာ ထုပ်က အထုပ်လိုက်ကြီး ရေကန် ထဲ ကျသွားပြီကိုး ဟဟ ..................။"

ရေကန်ထဲ ကျ သွား သည့် ငါးစာ ထုပ် ဘေးနား တွင် ပျော်ရွှင်စွာ ကူးခတ်  ရင်း တိုးဝှေ့ နေကြသည့် ငါးကလေး များကို ကြည့် ရင်း ပြောလိုက်သည်.................။

"အင်း ပျော်နေတော့မှာပဲ ...................။
မင်း ညနေစာ စားပြီးပြီလား...................။"

"စားပြီးသွားပြီ...............။"

"ဟုတ်လား................။ ဒါဆိုလည်း ကိုယ် အိမ်ထဲ ဝင် လိုက်အုံးမယ် ....................။"

ကျောခိုင်း လှည့် ထွက်သွားသည့် သူ့နောက်ကျော ပြင်ကို ကြည့် ရင်း လေပူတစ်ချက်မှုတ်ထုတ်မိသည်....................။

(ပျားသကာသို့ချိုလှသောချစ်ခြင်း နှင့်🌹🌷)(Completed)Where stories live. Discover now