Chapter(16)(U&Z)

13.9K 1.1K 45
                                    

Unicode//

ပျားသကာသို့ချိုလှသောချစ်ခြင်း နှင့်

Chapter(16)

For zawgyi users,please scroll down the page🥰😘.

ကုတင်ထက်တွင် ငုတ်တုတ်ထိုင်ရင်း အခန်းတံခါးထံ စိုက်ကြည့် နေမိသော်လည်း ထွက်သွားခဲ့သူသည် ညနက်သွားသည်ထိ ပြန်ဝင်မလာခဲ့...............။
တစ်ခြား တစ်ခန်း မှာ သွား အိပ် နေတာမျိုးလား..................။

ဟွန့်သူကပဲ အမှား လုပ်သေး..............။ပြီးတော့ သူကပဲ ပြန်လာ စိတ်ကောက်ပြနေသေးတယ်ပေါ့လေ..................။

ဟွန့်သွားသေလေ ................။
မလာပိုကောင်းတာပေါ့................။
ကုတင်အကျယ်ကြီး တစ်ယောက်တည်း စိတ်ကြိုက်အိပ်လို့ရတယ်.................။
မလာနဲ့ တစ်သက်လုံး တစ်ခြားအခန်း မှာ သွားအိပ် ပိုတောင်ကောင်းသေး ဟွန့်...................။

အိပ်ရာ ထက် သို့ စူပုတ်ပုတ် ဖြင့် ပစ်လှဲချလိုက်ရင်း စောင်ကို ဆွဲချုံကာ ခေါင်းမြီးချုံအိပ်ပစ်လိုက်သည်..................။

ညတစ်ရေးနိုးလာချိန် နံဘေးသို့အကျင့်ပါနေသော လက်များက သူ့အလိုလို စမ်းသပ်မိစဉ် နံဘေး နား မှာ အမြဲ အစဉ် လက်လှမ်းလိုက်တိုင်းရှိ နေခဲ့သူက ရုတ်တရပ် မရှိသော အခါ တွင် လှစ်ဟာ သွားမှု ကသိသာ လှသည်.................။

တစ်ခုခု လှစ်ဟာနေခဲ့သလိုလို ၊ လိုအပ်နေခဲ့သလိုလို.................။

မျက်လုံး ဖွင့်ကြည့်လိုက်တော့ နှစ်ယောက်အတူ မျှသုံးခဲ့သော ဤအခန်းကျယ်ကြီး၌ ကျွန်တော် တစ်ယောက်တည်းသာ................။

တစ်ဖက်ပြန်လှည့်လိုက်ရင်း ရေရွတ်မိသည်..................။

ဟွန့်လူယုတ်မာကြီး!

တစ်ချိန် လုံး အဆင်ပြေ နေခဲ့ပေမယ့် မနက် အိပ်ရာ ထ ပြီး ရေချိုးခန်း ဝင်သည့် အချိန် မှာပဲ ပြသနာက စပေါ်လာတော့သည်.................။

ကျောက်ပတ်တီး ကိုင်ထားသည့် ညာဖက်လက် က သုံးရအဆင်မပြေ လှတာမို့ အခြေခံ အကျဆုံး သွား တိုက်ဖို့ သွားတိုက်ဆေး ညှစ်ချင်တာတောင် အဆင်မပြေနိုင်.................။

လက်ကို ရေမစိုစေဘဲ မျက်နှာသစ်ဖို့ကလည်း အခက်တွေ့ရပြန်သည်...................။

(ပျားသကာသို့ချိုလှသောချစ်ခြင်း နှင့်🌹🌷)(Completed)Where stories live. Discover now