Chapter(31)(U&Z)

12.6K 1K 19
                                    

Unicode//

ပျားသကာသို့ချိုလှသည့်ချစ်ခြင်း နှင့်

Chapter(31)

For zawgyi users,please scroll down the page🥰😘.

နောက်နားဆီမှ ထွက်ပေါ်လာသည့် ထိုအသံကြောင့် ကျွန်တော် ကြောင်အအဖြင့် နောက်သို့လှည့်ကြည့်လိုက်သည်...............။

ကျွန်တော့်ကို တဖိတ်ဖိတ်တောက်ပနေသည့် မျက်ဝန်း ဝိုင်းဝိုင်းတောက်တောက်ကြီးတွေဖြင့် ပြုံးရွှင်စွာ ပြုံးပြနေသည့် ဘဲကြီး၏ ညီမလေးမေမင်းသဇင်.............။

ကျွန်တော့် ကြောင်အစွာ ဖြင့် ကိုယ့်ကိုကိုယ် လက်ညှိုး ညွှန်ပြလျက် မရေရာစွာ ပြန်မေးလိုက်သည်............။

" အစ်ကို့ ကို ခေါ်တာလား...........။"

" ဒါပေါ့ ယောင်းမကို ခေါ်တာပေါ့............။
ယောင်းမ စိတ်မညစ်နဲ့ .........။
စိတ်ဓာတ်မကျနဲ့ သိလား............။
မားက ယောင်းမကို သဘောမကျပေမယ့် ယောင်းမနဲ့ ကိုကြီးဘက်မှာ သဇင်ရှိတယ်သိလား.............။"

လက်သီး လက်မောင်းတန်းပြီး အားတက်သရော ပြောနေသည့် ထို ကောင်မလေးကို ဖြိုးဇေယျာနိုင် မျက်လုံး ပြူးလျက် ကြည့်မိသည်................။

ဗုဒ္ဓေါ !

ဒီကောင်မလေးက ကျွန်တော့်ကို ယောင်းမလို့လာခေါ်နေတယ်တဲ့ဗျို့................။

ဒီကောင်မလေးကြည့်ရတာ တစ်ခုခုကို အထင်လွဲနေတဲ့ပုံပဲ.............။
ဒီအတိုင်း ထားလိုက်လို့တော့မဖြစ်..........။
ရှင်းပြမှ ဖြစ်မည်............။

" ဒီလို မဟုတ်..........။
ထားပါ  .........။
ညီမလေး  မင်းကြည့်ရတာ အထင်လွဲနေတယ်နဲ့တူတယ်............။
အစ်ကို တို့က မင်းထင်သလိုမဟုတ်..............။"

ကျွန်တော့် စကားပင် မဆုံးလိုက်.............။
ကောင်မလေးကပါးစပ်ကို လက်ဖြင့် ကွယ်ကာ ရယ်လိုက်ပြီးအနားသို့ ချည်းကပ်လာကာ ကျွန်တော့် လက်ကို ထိလိုက်သည်..............။

" ဝွန်း......... အဟိ..............။
အိုး ယောင်းမကလဲ ရှက်စရာ မလိုပါဘူး..........။
ရှက်ရမည့် လူတွေမှ မဟုတ်တာ...........။
သဇင်က အားလုံးသိပြီးသား........။
နားလည်ပြီးသား............။
ဘယ်သူတွေ ဘာပြောပြော စိတ်ဓာတ်မကျနဲ့ သိလား.........။
ယောင်းမ ဘက်မှာ သဇင်က လုံး ဝ ရပ်တည်ပေးမှာ.............။"

(ပျားသကာသို့ချိုလှသောချစ်ခြင်း နှင့်🌹🌷)(Completed)Where stories live. Discover now