Chapter(45)(U&Z)

10.8K 836 18
                                    

Unicode//

ပျားသကာသို့ချိုလှသည့်ချစ်ခြင်း နှင့်

Chapter(45)

For zawgyi users,please scroll down the page😘😘.

ကျွန်တော့်အဖြစ်က ထီပေါက်ပြီးမှ ထီလတ်မှတ်ပျောက်သူလိုပင်..................။

ဘဲကြီးဆီမှ ပြိုင်ကားကို မွေးနေ့လက်ဆောင်ရလိုက်သော်လည်း ကားမမောင်းတတ်သည့် ကျွန်တော့်အဖြစ်က မစားရ ညော်ခံ ငေးကြည့်နေရုံ ၊ ပွတ်သပ်ကာ ကိုင်ကြည့်နိုင်ရုံသာ........................။

ဒီလို ဖြစ်လို့ မဖြစ်ဘူးလို့.....................။
အားးးးဒီလိုမဖြစ်ရဘူးလေလို့....................။

ထို့နောက်တွင် တော့ ဖြိုးဇေယျာနိုင် ကားမောင်းသင်ရန် ဆုံးဖြတ်ချက်ချလိုက်တော့သည်..................။

ကားမောင်းသင်တန်းသို့ စာရင်းသွင်းပြီးနောက်တွင် နေ့တိုင်း မနက် ၉ နာရီမှ နေ့လည် ၁၂ နာရီ ထိ ကား မောင်း သင်ဖြစ် တော့သည်.....................။

မေလကုန် ရာသီကူးပြောင်းချိန်မို့ ကားမောင်းသင်တန်းမှ အပြန် မိုးမိကာ ဖျားတော့သည်.....................။

အရင်တုန်းက ကျွန်တော့်ကိုယ်ခံအားက ဒီလောက် မဆိုးပေမယ့် အခုချိန်မှာ တော့ အခြေ အနေ တွေက  အရင်ကလို မဟုတ်တော့ပေ..................။

နည်းနည်းလောက်ဆို လူက ဖျား ချင် ၊ နာချင် နေပြီ ဖြစ်သည်.....................။

ကိုယ်ငွေ့ငွေ့လေး ပူ နေသေးသည့်အပြင် ကိုယ်လက်တွေ ပါ နည်းနည်း ကိုက်ခဲ နေသည်မို့ အိပ်ရာ ထက်က နေ မထချင်စွာ မှေး စက် နေမိသည်.....................။

"ဘေဘီဘယ်လို နေသေးလဲ ................။
ကိုယ်တော့ သိပ်မပူ တော့ပါဘူး..............။
ခနလောက် ထလိုက်ပြီး ဒီမနက်စာလေး စားပြီး ဆေးသောက်လိုက်နော်ဘေဘီ................။"

ကုတင်ဘေးနားသို့ အငွေ့တထောင်းထောင်း ထ နေသည့် မုန့်ဟင်းခါး ပန်းကန် လေး ကိုင်ကာ ရောက်လာပြီး ပြောလာလေသည်မို့ နှာခေါင်းရှုံ့ လိုက်ရင်း ငြင်းဆိုမိသည်.....................။

"မစားချင်ဘူး .............။
ဆေး မသောက်ချင်ဘူး...............။"

"ဒီမှာ ကလေး စားချင်တယ်ဆိုတဲ့ မုန့်ဟင်းခါး လေး လည်းပါတယ်လေကွာ.....................။"

(ပျားသကာသို့ချိုလှသောချစ်ခြင်း နှင့်🌹🌷)(Completed)Where stories live. Discover now