Chapter(49)(U&Z)

9.9K 761 12
                                    

Unicode//

ပျားသကာသို့ချိုလှသည့်ချစ်ခြင်း နှင့်

Chapter(49)

For zawgyi users,please scroll down the page😘😘.

မူးနောက်ရီဝေနေသည့် ခေါင်းနှင့်အတူ နိုးထလာခဲ့သည်..........................။

လက်နှင့် မျက်နှာကို ပွတ်ကာ သပ် ချ လိုက်ချင်ပေမယ့် လက်တွေက လှုပ်မရသည်ကို သတိပြုမိသည်........................။

ထိတ်ပျာ သွားကာ မျက်လုံး ဖွင့်ကြည့်လိုက်တော့ ကျွန်တော်က ကြမ်းပြင်တစ်ခုပေါ်မှာ လှဲ လျောင်း လျက်သားရှိနေလေသည်.........................။

လက်နှစ်ဖက်နှင့် ခြေ နှစ်ဖက်က ကြိုး ဖြင့် နောက်ပြန် တုပ်နှောင်ခြင်းကို ခံထားရသည်......................။

မျက်နှာ ကျက်ပေါ်မှ တွဲ လောင်း ကျနေသည့် မီးလုံး ဝါကျင်ကျင် လေး တစ်ခု..........................။
မျက်နှာ ကျက် ၏ တစ်ချို့ နေရာ တွေက ယို ယွင်း ပျက်စီး နေသည်.......................။

ကျွန်တော် ဘယ်ရောက်နေတာလဲ.......................။

ကျွန်တော် ဦးဦးတို့ အိမ်မှ အပြန် ကားပေါ် တွင်ပင် ပြန်ပေးဆွဲ ခံ လိုက်ရသည်တဲ့........................။

ဘယ်လောက်တောင် ရယ်ဖို့ ကောင်းလိုက်သလဲ.......................။

ဒါပေမယ့် ဒီလူတွေ ဘာ ရည်ရွယ်ချက်ဖြင့် ကျွန်တော့်ကို ပြန်ပေးဆွဲ ခဲ့ကြတာတဲ့လဲ.....................။

ကျွန်တော် ပျောက်ဆုံး နေတာကို ဘယ်သူတွေ သတိထား မိကြပြီလဲ.....................။

မေကြီး နဲ့ ဖေကြီး ကတော့ ခါတိုင်းလို ကျွန်တော် အဆောင်မှာပဲ ရှိနေတယ်လို့ တွေးနေကြမလား.....................။

သူ သူကော ကျွန်တော် ပြန်မရောက်လာတာကို သတိပြု မိပြီလား......................။
ကျွန်တော် ပျောက်ဆုံး နေတာကိုသတိ ပြုမိပြီး ကျွန်တော့်ကို လိုက်ရှာဖို့ ကြိုးစားနေ မှာလား.......................။

ဒီလူတွေ ဒီ ပြန်ပေးသမားတွေရဲ့ ရည်ရွယ်ချက်က ဘာလဲ.....................။

အတွေးပေါင်းစုံတို့က ခေါင်းထဲ တွင် ရှုပ်ထွေး နှောက်ကျိ စွာ ရှိနေမိသည်.........................။

ဘာကြောင့်ပဲ ပြန်ပေးဆွဲ ဆွဲ အခုချိန် ကျွန်တော် ဒီနေရာမှ လွတ်မြောက်အောင် တစ်ခုခု တော့ ကြံဆနိုင်မှ ဖြစ်မည်.......................။

(ပျားသကာသို့ချိုလှသောချစ်ခြင်း နှင့်🌹🌷)(Completed)Tempat cerita menjadi hidup. Temukan sekarang