Chapter(34)(U&Z)

11.5K 997 89
                                    

Unicode//

ပျားသကာသို့ချိုလှသည့်ချစ်ခြင်း နှင့်

Chapter(34)

For zawgyi users,please scroll down the page🥰😘.

"ကြယ်စင်လင်းလက်!"

မာထန်စွာ ထွက်ပေါ်လာသည့် ထိုအသံကြောင့် ကြယ်စင်တုန်တက်သွားမိသည်..................။

မင်းစစ်သည်ဦး ရေချိုးခန်းထဲမှ အထွက်တွင် တွေ့လိုက်ရသည့်မြင်ကွင်းက ဒေါသနှင့်အတူ စိုးရိမ်စိတ်ကိုပါဖြစ်ပေါ်စေခဲ့သည်.............။

ကျွန်တော် အလျင်မြန် ပင် ပြေးလာခဲ့ရင်း ကြမ်းပြင်ထက်တွင်ကျနေသည့် သူ့ကို ဖြည်းညှင်းစွာ ထူမပေးလိုက်သည်...............။

" ဖြိုးလေး ဘာဖြစ်သွားသေးလဲ............။
ဘယ်နားနာသွားလဲ.............။"

" ဟင့်အင်း ကျွန်တော် ဘာမှ မဖြစ်ပါဘူး.............။"

သူလေးဘာမှ မဖြစ်တာသေချာသွားမှ ကျွန်တော် စိတ်သက်သာရာရစွာ သက်ပြင်းချမိသည်...............။

" ဟင်း သူက ဘာဖြစ်ရမှာလဲ ကိုကိုမင်းစစ်ကလည်းကြမ်းပြင်ပေါ်ကို ဖြည်းဖြည်းလေး ပြုတ်ကျသွားရုံပဲလေ................။
ယောကျ်ားလေး တစ်ယောက်က ဒီလောက်လေးနဲ့များ အားနွဲ့ပြနေရတယ်လို့..............။"

နံဘေးနားမှ ထွက်ပေါ်လာသည့် ကြယ်စင့်အသံကြောင့် ကျွန်တော် ဒေါသထောင်းခနဲ ထွက်သွားကာ အသံမာသွားရသည်.................။

" ယောကျ်ားလေးက ကော မနာကျင်ရ ဒဏ်ရာ မရတော့ဘူးတဲ့လား............။
သူ တစ်ခုခု ဖြစ်သွားနိုင်တယ် .............။
သူဒဏ်ရာရသွားရင် မင်းဘယ်လိုလုပ်မလဲ..............။"

" ကိုကိုမင်းစစ်ကလည်း ကြယ်စင့်ကို ချည်းပဲ ဆူနေတယ်............။
ကြယ်စင်ကလည်းတမင်သက်သက် သူ့ကိုတွန်းလိုက်တာမှ မဟုတ်တာ ဟင့်ဟင့် ...............။"

ငိုမဲ့မဲ့ ဖြစ်နေသော သူမကို ကြည့်ရင်း  ဇာနည့် မျက်နှာကြောင့် ကျွန်တော် စိတ်လျော့ကာ သည်းခံလိုက်သည်.................။

" မင်းက ဒီအချိန်ကြီး ဒီကို ဘာလာလုပ်တာလဲ..............။"

" အို ကိုကိုမင်းစစ်ကလည်း ဘာလာလုပ်တာလဲတဲ့လား..............။
ကြယ်စင်က ကိုကိုမင်းစစ်ကို မတွေ့ဖြစ်တာ ကြာလှပြီလေ.............။
အခု ကိုကိုမင်းစစ်က မန္တလေးကို လာလည်တုန်းမှာ မှ ပြန်ဆုံဖြစ်တာဆိုတော့  ကိုကိုမင်းစစ်ကို သတိရလို့လာတွေ့တာလေလို့...............။"

(ပျားသကာသို့ချိုလှသောချစ်ခြင်း နှင့်🌹🌷)(Completed)Onde histórias criam vida. Descubra agora