Chapter(44)(U&Z)

10.5K 836 16
                                    

Unicode//

ပျားသကာသို့ချိုလှသည့်ချစ်ခြင်း နှင့်

Chapter(44)

For zawgyi users,please scroll down the page😘😘.

မင်းစစ်သည်ဦး ရေသန့်ပုလင်း နှင့် ဖန် ခွက်ကို ကိုင်ကာ ရွက်ဖျင်တဲ ထံ သို့ ပြန် ရောက် လာချိန်၌ ဖြိုးလေးက စားပွဲ ပေါ်တွင် မှောက်လျက် ရှိနေသည်မို့ စိတ်ပူသွား ရလျက် အနားသို့ အလျင်မြန် သွား ရင်း မေးမိသည်.......................။

"ကလေး ဘာဖြစ်တာ လဲ ၊ ဘာဖြစ်လို့လဲ.................။"

"အေ့ အေ့ ဘဲကြီး ရောက်လာဂျီလား .............။"

ကျွန်တော့်အသံကြားသည့်အချိန်တွင် စားပွဲ ပေါ် ၌ မှောက်လျက် အိပ်နေရာ မှ ဆတ်ခနဲ ခေါင်းထူ ကာ ကြည့်လာပြီး ရယ်မောလျက်ဆိုလာလေသည်..................။

ဒီကောင်လေး ဘာများ ဖြစ်လို့လဲ ဟု ဆိုကာ စိတ်ပူသွားမိသော ကျွန်တော် သိပ်မကြာ ............တရားခံ ကို ရှာတွေ့ သွားတော့သည်....................။

သူ့ လက်ထဲ ရှိ ဖန်ခွက်ရှည်ထဲ မှ ဝိုင် ရည် တစ်စွန်းတစ်စ နှင့် စားပွဲ ပေါ်မှ ပုလင်း တစ်ဝက်နီးပါး ကျိုး နေပြီ ဖြစ်သည့် ဝိုင်ပုလင်း....................။

ဟား တကယ် အဆိုး လေး ပါကွာ..................။

"ဘဲကြီး ...........။"

"သတိထား................။"

ကျွန်တော့် ကို ခေါ် လျက် ထထိုင်နေရာမှ ယိုင်တိ ယိုင်တိုင်ဖြင့် လျှောက် လှမ်း လိုက်စဉ် ယိုင်နဲ့ကာ ပြုတ်ကျလာသည်မို့ ကျွန်တော့်မှာ စိတ်ပူသွားရပြန်သည်...................။

ယိုင်နဲ့ကာ  ကျလာသည့် ကိုယ်လုံးလေးကို အလျင်မြန် ပွေ့ယူ  ထိန်း လိုက်ရင်း ပြန် ထူ ပေးလိုက်တော့ ပြန် ပြီး နောက်ပြန် ယိုင်နဲ့ကာ ပစ်လှဲချ လေသည်................။

ကျွန်တော် အလျင်မြန် ပြန် ပွေ့ယူလိုက်ရကာ စိတ်ပူစွာဖြင့် ဆိုမိသည်....................။

"သတိထား လေ ဘေဘီ.............။"

"ဟဟဟ ဟား အေ့ ပျော်စရာ အေ့ ကြီး ..............။"

"မင်းကွာ ...............။"

ပြန် ထူ ပေးလိုက်တိုင်း ပြန် ပြန် နောက်ပြန် လှဲ ချ ပစ်နေသည်မို့ ကျွန်တော်စိုးရိမ်စွာ ဆူပူ လိုက်သည်.................။

(ပျားသကာသို့ချိုလှသောချစ်ခြင်း နှင့်🌹🌷)(Completed)Onde histórias criam vida. Descubra agora