Chapter(18)(U&Z)

13.3K 1.1K 13
                                    

Unicode//

Chapter(18)

For zawgyi users,please scroll down the page🥰😘.

ရေချိုးခန်း မှန်ရှေ့မှ ဘေစင်ခုံပေါ်တွင် တက်ထိုင်ရင်း သူ သွားတိုက် ပေးနေတာကိုငြိမ်သက်စွာ ခံယူမိသည်................။

မေးစေ့ဖျားလေးတွင် မရိတ်သင်ဘဲထားခဲ့တာ တစ်ပတ်လောက်ရှိသွားပြီဖြစ်သည့် ငုစိငုစိလေးတွေက ထွက်ပြူ စပြု နေပြီဖြစ်လေသည်.................။

"ကိုယ်လုပ်ပေးမယ်..............။
မျက်နှာနည်းနည်း မော့ လိုက်ဘေဘီ..............။"

shaving cream ကို သေချာ လိမ်းကျံ ပေး ပြီးနောက် razor ဖြင့် သူဖြေးညှင်းစွာ ဖယ်ရှားပေးလာသည်...................။

စိတ်ရှည် လက်ရှည် သေချာ အာရုံ စူးစိုက်ကာ လုပ်ပေးနေသည့်သူ................။

အနီးကပ်မှ သူ့မျက်တောင်ဖျားတွေ က ရှည်လျား ဖြောင့်ဖြူးလျက်.................။

သေသပ်ကျနစွာ ထုဆစ်ခံထားရသလား ထင်မှတ်ရသည့် မေးရိုး ၏ အကျဘက်နား တွင် သေးငယ်သည့် မှဲ့နက်ကလေး တစ်လုံး က မထင်မရှားရှိနေသည်...................။

သေချာ သတိထားမကြည့် မိလျှင် တွေ့မြင်နိုင်ဖို့ မလွယ်ကူ လှသည့် ထိုမှဲ့ နက်ကလေး ကို ဒီနေ့ မှ သတိပြု မိသည်.................။

တစ်ခါတစ်ခါ ခံစားမိသည်..................။
ဒီလူ့ကို တစ်နေနေရာရာ မှ တွေ့ မြင်ဖူး ခဲ့သလိုလို..............။

"အ!"

အနည်း ငယ် ရှပ်ထိကာ ပွန်းပဲ့သွား မှုကြောင့် ကျွန်တော် နာကျင်စွာ မျက်နှာ ရှုံ့ မိသည်..................။

"ဆောရီး နာသွားလား.................။
ကိုယ်တစ်ခါ မှ သူများကိုမလုပ်ပေးဖူးတော့ နည်းနည်း အဆင်မပြေ ဖြစ်သွားတယ်ကွာ..................။"

"ရပါတယ် ဘာမှ မဖြစ်ပါဘူး................။"

"ပြီးသွားပြီ ..............။
အိုကေ ဒါဆို ဘေဘီ အပေါ့အလေး သွား ချင် လား.................။
ကိုယ်ကူညီ ပေးရမလား...............။"

စပ်ဖြီးဖြီး မျက်နှာဖြင့် အင်မတန် မှ ကို ကူညီချင်လှ နေသည့် စေတနာရှင်ကြီး ကို ဘုဆတ်ဆတ် တစ်ချက်ကြည့် ရင်း ငြင်းလိုက်သည်.................။

(ပျားသကာသို့ချိုလှသောချစ်ခြင်း နှင့်🌹🌷)(Completed)Où les histoires vivent. Découvrez maintenant