Chapter(15)(U&Z)

14.5K 1.1K 12
                                    

Unicode//

ပျားသကာသို့ချိုလှသောချစ်ခြင်း နှင့်

Chapter(15)

For zawgyi users,please scroll down the page🥰😘.

"အား!!......။"

အနှီငနဲကောင်သည် သူ့ခွကြွားကို လက်ဖြင့် ဖိ ပိတ်ကိုင်ကာ အော်ဟစ်ရင်း မြေပြင်ပေါ်၌ နှစ်ပတ်၊သုံးပတ်လောက်လူးလှိမ့်သွားလေသည်.................။

"မှတ်ပြီလား ဒေါင်းဇား!"

အားရားရား နာလိုက်တာ ဆိုတာ.........။

ညာဖက်လက်ကို ဘယ်လက်ဖြင့် ဖိကိုင်ရင်းရေရွတ်မိသည် ..................။
အသည်းခိုက်အောင်နာတယ်ဆိုတာ ဒီလိုမျိုးကိုခေါ်တာနေမှာ............။

ခုံအကျိုးအပဲ့စတွေက နံဘေးနားသို့ လွင့်စင်ကျကုန်သည်................။
ကန်တင်းထဲ၌ ရန်ပွဲကြောင့် ဆူညံစွာအော်ဟစ်သံတွေ နှင့် ရုတ်ရုတ်သဲသဲတွေဖြစ်နေလေတော့သည်...............။

တအောင့်အကြာတွင်တော့ ဆိုင်ပိုင်ရှင်နှင့်အတူ ဆရာ တစ်ချို့ရောက်ရှိလာပြီး ကျွန်တော်တို့ကောင်တွေ အားလုံး မော်ကွန်းထိန်း ရုံးခန်းသို့ ရောက်သွားကြတော့သည်.............။

***********************************************************************************************************

"တက္ကသိုလ် ပရဝုဏ်အတွင်းက အများသူငှာ အေးေ
ဆးစားသောက်နေကြတဲ့ နေရာမှာ ရုတ်ရုတ်သဲသဲ တွေကို ဖြစ်လို့............။
မင်းတို့ တွေရဲ့ မဆင်မခြင် အပြုမှုကြောင့် ငါတို့ ကျောင်းနာမည်ဂုဏ်သတင်း ဘယ်လောက်တောင် ကျဆင်းသွားမလဲ ဆိုတာ မင်းတို့တွေးကြည့်မိကြရဲ့လား ဟမ်...............။
ဒီကျောင်းတော်ဆိုတာ လူဆိုး ၊ လူမိုက်တွေ ဖြစ်လာအောင် သင်ကြားပေးနေတဲ့ နေရာ မဟုတ်ဘူးကွ.............။
စည်းကမ်းမသိ ရမ်းကားနေတဲ့ လူမိုက်တွေ ကို လက်ခံပျိုးထောင်ပေးနေတဲ့ နေရာမဟုတ်ဘူးကွ ............။
မင်းတို့နားလည်လားဟမ့်.............။"

ရုံးခန်းတွင်း ၌ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း ဒေါသထွက် စွာ ဆူပူမာန်မဲနေသည့် ဆရာ့ကြောင့် ကျွန်တော် တို့ ကောင်တွေ အားလုံး ငြိမ်ကုပ်စွာ အပိုးကျိုးကျိုး ဖြင့် ထိုင်နေမိကြသည်..................။

(ပျားသကာသို့ချိုလှသောချစ်ခြင်း နှင့်🌹🌷)(Completed)Where stories live. Discover now