Chapter(29)(U&Z)

12.2K 1K 39
                                    

Unicode//

ပျားသကာသို့ချိုလှသည့်ချစ်ခြင်း နှင့်

Chapter(29)

For zawgyi users,please scroll down the page🥰😘.

မေမင်းသဇင် ရေချိုးပြီးနောက် ဆံပင်အခြောက်ခံနေစဉ် စားပွဲ ပြင် ထက် မှ တုန်ခါမှု တစ်ခု နှင့် အတူ  ဖုန်းဝင်လာသည်မို့ မှန်ရှေ့မှ ထကာ ဖုန်းကို ကောက်ကိုင်လိုက်သည်.................။

" ပြော ..........။"

" ဟဲ့ ကမ သဇင် နင်ဘာလုပ် နေလဲ..........။"

" အော် ကျုပ်က တစ်ခြားဘာလုပ်နေရမှာတုန်း.........။
ရေချိုးပြီးလို့ ဆံပင်အခြောက်ခံနေတာ...........။
ရှင်ကရော အခုဘယ်မှာတုန်း ...........။
အသံကတော့ ပျားရည်အိုင်ထဲ အနှစ်ခံထားရသလို ချိုအီနေပုံထောက် ဘာတွေများသတင်းကောင်းရှိလို့ လဲဟ................။"

ကုတင်ပေါ် တင်ပါးလွှဲထိုင်ရင်း သဇင်မေးမိသည်................။

ဒီကောင်မ ချိုချို ဒီလောက်အူးမြူးနေပုံ ထောက် တစ်ခုခုတော့ တစ်ခုခု ပါပဲ...............။

" ဟဲ့ ကမ အဟီး ငါ တကယ်ကို အချိုတောထဲရောက်နေတာဟဲ့ ဟီးဟီး..........။
ဟဲ့ ငါနင့်ကို ဟိုတစ်ခါပြောဖူးတဲ့ အစ်ကိုကြီး လေ မှတ်မိလား..............။
ငါ ဘတ်စ်စီးဖူးချင်လို့ သွားပြီး  စမ်းစီးတဲ့နေ့တုန်းက ကားပေါ်မှာ အယုတ်တမာကောင်က ငါ့အနားကို ကပ်လာပြီး ငါ့တင်ပါး လာကိုင်တာကို ပညာပေးလွှတ်လိုက်တဲ့ တစ်ယောက်လေ...........။
သိလား သိလား လို့ ငါ့ရဲ့ heroလေးလေ.............။
ငါနင့်ကို ပြောဖူးပါတယ် အရမ်းကို မိမိုက်တဲ့ တစ်ယောက်လေ...........။
BTS က Jimin နဲ့တောင် ခပ်ဆင်ဆင်တူလို့ ငါတောင် မီယမ်မာက Jimin လို့ပြောတဲ့တစ်ယောက်လေ..........။"

ဖုန်းတစ် ဖက် မှ အားတက် သရော ရှင်းပြနေသည့် ချိုချို့ ကြောင့် သဇင် ရယ်မော လိုက်ရင်း ပြောလိုက်သည်..................။

" အင်းပါ ဟာ အဲ့လောက်ထိရှင်းပြနေစရာမလိုပါဘူး............။
ငါသိပါတယ်......။
အဲ့တော့ နင်က အခု အဲ့ Jimin မီယမ်မာ ဗားရှင်းကို ပြန်တွေ့လို့လား..............။"

" အမ်! နင်ဘယ်လို သိသွားတာလဲ ..........။ "

တစ်ဖက်မှ ချိုချို ၏ တအံ့တသြ သံကြီးက ထွက်ပေါ်လာသည်...............။

(ပျားသကာသို့ချိုလှသောချစ်ခြင်း နှင့်🌹🌷)(Completed)Donde viven las historias. Descúbrelo ahora