Chapter(40)(U&Z)

12.3K 984 24
                                    

Unicode//

ပျားသကာသို့ချိုလှသည့်ချစ်ခြင်း နှင့်

Chapter(40)

For zawgyi users,please scroll down the page😘😘.

ဒေါက် ဒေါက်.........။!

ထွက်ပေါ်လာသည့် ဟိုတယ် တံခါးခေါက်သံသည် လွတ်ထွက်လုမတတ်ဖြစ်သွားမိသည့် ကျွန်တော့် စိတ်ကို မူလအခြေနေသို့ ပြန်လည်ရောက်ရှိလာစေသည်...............။

ကံကောင်းလို့..............။
တင်္ဂတာစိတ်အလိုလိုက်မှု တစ်ခုက ကျွန်တော့်ဘေဘီကိုရော ၊ ကျွန်တော့် ရင်သွေးလေး ကို ပါ နာကျင်စေမိတော့မလို့.................။

ဒီလူသားလေး နှင့်ပတ်သတ်လာလျှင် ကျွန်တော့်တည်ငြိမ်မှု တွေသည် ပျောက်ဆုံးကုန်သည်...............။

ချင့်ချိန်စဉ်းစားနိုင်စွမ်းတွေ လျော့ပါးကုန်သည်.................။

ဒီလူသားလေးသည် ကျွန်တော့်ကို ထိုကဲ့သို့ စေစားနိုင်စွမ်းရှိသည်တဲ့လေ..............။

ကျွန်တော့် ရင်ခွင်တွင်းမှ ထိုလူသားလေး၏ ရေဘဝဲ သဖွယ်တွယ်ကပ်နေသည့် လက်ဖဝါးနုနုတို့ကို  ညင်သာစွာလက်လွတ်လိုက်ရင်း ဖရိုဖရဲ ပွင့် အာနေခဲ့သည့် အကျီ ၤ တို့ကို သေချာစွာ ပြန်လည် ဝတ်ဆင်ပေးလိုက်ပြီးနောက် ဟိုတယ်တံခါးထံသို့ လျှောက်သွားလိုက်သည်................။

တံခါး ဖွင့် လိုက်ချိန် တွင် တံခါးဝ၌  မန်နေဂျာ ကိုသက်နှင့်အတူ သက်လတ်ပိုင်းအရွယ် လူတစ်ယောက် တို့သည် ရပ်လျက်ရှိနေလေသည်..............။

" ကျွန်တော် ဆရာဝန်ခေါ်လာခဲ့တာပါခင်ဗျ...............။"

ထိုသူ့ ထံ မှ ဝေ့ကြည့်လာသည့် မာန်ပါပါ အကြည့်တစ်ချက် တွင် ကိုသက် အလျင်မြန် ရှင်းပြ ပြောဆိုလိုက်ရသည်.................။

" စိတ်ချပါခင်ဗျ.............။
သူက အရမ်းတော်ပြီးတော့ နှုတ်လုံပါတယ်............။
ဒီကိစ္စကို မပျံ့နှံ့စေရပါဘူးခင်ဗျ.................။"

ဒီကိစ္စ၏နောက်ကွယ်က တရားခံကို ကျွန်တော် ခန့်မှန်းသိရှိပြီးဖြစ်သည်.............။
ထိုတရားခံကို ကာကွယ်ပေးလို၍မဟုတ်..............။

ချစ်ရသည့် ထိုလူသားလေး၏ မာန နှင့် သိက္ခာတရား ကို ကာကွယ်ပေးလိုခြင်းသာ................။

(ပျားသကာသို့ချိုလှသောချစ်ခြင်း နှင့်🌹🌷)(Completed)Donde viven las historias. Descúbrelo ahora