Unicode//
ပျားသကာသို့ချိုလှသည့်ချစ်ခြင်း နှင့်
Chapter(48)
For zawgyi users,please scroll down the page😘😘.
အစည်းအဝေးခန်းအတွင်းမှ ထွက်ကာ ခုနှစ်လွှာတွင် ရှိသည့်ရုံးခန်းသို့ ရောက်ချိန် အတွင်းရေးမှူး မလေး သင်းစံပယ်က ပြောလာလေသည်................။
"ကိုမင်း golden life က ဧည့်သည်ကို ဧည့်စောင့်ခန်း ထဲ မှာ စောင့် ခိုင်းထားပါတယ်.....................။"
"အင်း ဟုတ်ပြီ..................။"
ခေါင်းညိမ့်ပြလိုက်ရင်း ထိုဘက်သို့ ထွက်လာခဲ့သည်.......................။
ကျူးရင့် ................။
ဧည့်စောင့်ခန်းထဲ မှ ကျူးရင့်ကို တွေ့ ချိန် အံ့ သြ သွားမိသည်........................။"အစည်းဝေးပြီး သွားပြီလား ကိုမင်း..................။"
"အင်းပြီးပြီ..........။
မင်းက ဒီ ကို ဘာလာလုပ်တာလဲ ...................။"ထိုစကားကြောင့် စိတ်ထဲ ထင့်ခနဲ ဖြစ်သွားပေမယ့် ကျူးရင့် မျက်နှာထက်ဝယ် ဟန်ဆောင်ပြုံးလေး ကို ဆင်မြန်းကာ ချိတ် ဆွဲ လိုက်သည်..................။
"ကိုမင်း ဆီကို လာလည်တာလေ မရဘူးလား...............။
ဟင်းဟင်း နောက်တာပါ...............။
ဒါလေးကို လာပေးတာပါရှင့်................။
ပစ္စည်းလေးကို စစ်ကြည့် ပေးပါအုံး .................။
အဆင်ပြေရဲ့ လား လို့ဆိုတာ ကျူးရင့်ကိုယ်တိုင် အတည်ပြု ပေး သွား ချင်လို့ပါ....................။"ကျူးရင့် လက်ထဲ မှ golden life ဟု ရွှေချည်များဖြင့် ရေးထိုးထားသည့်အနက်ရောင် ကတ္တီ ပါ အိတ်မာအား ရှေ့မှ မှန်သား စားပွဲ ပေါ်သို့ တင်ပေးရင်းဆိုလိုက်သည်......................။
"မင်း ကိုယ်တိုင် လာပို့ ပေးစရာ မလိုပါဘူး...................။
ဝန်ထမ်း တစ်ယောက်ယောက် နဲ့ ပို့ပေး လိုက်ရင်လည်း ရ ပြီလေ....................။"မင်းစစ်သည်ဦး စိတ်အလိုမကျစွာ မျက်မှောင် ကြုပ်လိုက်ရင်း ထို အိတ်ကို လှမ်း ယူလိုက်သည်.....................။
အိတ်အတွင်းမှ အနီရဲရဲ ကတ္တီပါ ဘူး လေးတစ်ဘူး ..................။
ထိုဘူး လေး ၏ အတွင်း တွင် တော့ လက်စွပ်လေး နှစ်ကွင်း က အမြင်တင့်တယ်စွာ အတူတူ ယှဉ်တွဲ လျက်သား....................။
BẠN ĐANG ĐỌC
(ပျားသကာသို့ချိုလှသောချစ်ခြင်း နှင့်🌹🌷)(Completed)
Lãng mạnUnicode// ပျားသကာကဲ့သို့ ချို လှသောချစ်ခြင်းတရားတို့ဖြင့် ထုံမွှန်းထားသော ချစ်ကမ္ဘာငယ်လေးသို့ ❤️❤️ Zawgyi// ပျားသကာကဲ့သို့ ချို လှသောချစ်ခြင်းတရားတို့ဖြင့် ထုံမွှန်းထားသော ချစ်ကမ္ဘာငယ်လေးသို့ ❤️❤️ Start date :: (30/12/2021) End date :: (7/2/2022) #M...