Unicode//
ပျားသကာသို့ချိုလှသည့်ချစ်ခြင်း နှင့်
Chapter(23)
For zawgyi users,please scroll down the page🥰😘.
ထိတ်ခနဲ စိုးထိတ်မှုတစ်ခုက ကျွန်တော့်ရင်တွင်းသို့ ဝင်ရောက်လာခဲ့ပြီး ဝမ်းဗိုက်သို့ လက်ဖြင့် ဖိစမ်းလိုက်သည်................။
ကလေးလေး........... ကျွန်တော့် ဝမ်းဗိုက်ထဲ မှ ထို ကလေးလေး.................။
ထိုကလေးလေးသာ တစ်ခုခု ဖြစ်သွားခဲ့ရင်...............။
တစ်ခုခုဖြစ်သွားခဲ့ရင် ဆိုသည့် စိုးထိတ်မှုကြောင့် လူက ကတုန်ကယင်ပင်ဖြစ်ချင်လာသည်................။
ကြောက်ရွှံ့ စိုးရိမ်စိတ်က တစ်ကိုယ်လုံးကို လွှမ်းမိုးလာလျက် ဝမ်းဗိုက်ကိုသာ ခပ်တင်းတင်း ဖိထားမိသည်.................။
ရုန်းရင်းဆန်ခတ်ဖြစ်ပွါးသွားမှုတို့ကြောင့် ကျွန်တော်တို့ အနားသို့ လူများဝိုင်းအုံလာကြသည်.............။
" ဘာဖြစ်ကြတာလဲ ........။
ဒီမှာဘာတွေ ဖြစ်နေကြတာလဲ...............။"ဒီပါတီပွဲ၏ စီစဉ်သူ ဦးမိုးကျော် ၊ တစ်ခြား သက်လတ်ပိုင်းအရွယ် လူနှစ်ယောက်နှင့် အတူ ပွဲ လာ ဧ
ဧည့်ပရိသတ်များစွာ တို့သည် ကျွန်တော်တို့အနားသို့ရောက်လာကြသည်...............။စိုးန္ဒီ မှ မျက်ရည်များ ဖြိုင်ဖြိုင် ကျဆင်း လျက် သက်လတ်ပိုင်း အရွယ် လူတစ်ဦးကို ကြည့်လိုက်ပြီးနောက် တိုင်တန်းပြောဆိုလာလေသည်................။
" ဒယ်ဒီ သမီးကို ကြည့်ပါအုံးဟင့်ဟင့်..............။
လက်တွေမှာကော ၊ ခြေထောက်တွေမှာကော ၊ ဒဏ်ရာတွေချည်းပဲ .............။
အရမ်းနာတယ် ဒယ်ဒီ.............။
သမီး ဒီလိုဖြစ်ရတာ အကုန်သူ့ကြောင့် ဒယ်ဒီ................။
သူလုပ်တာ ဒယ်ဒီ................။
အဟင့် ဟင့်..................။"ကျွန်တော့်ဘက်သို့ လက်ညိုးညွှန်လျက် ဆိုလာသည့် စိုးန္ဒီ .................။
ဒီမိန်းမ က သူအရင်လုပ်ခဲ့ပြီး အခုမှ သူ့အပြစ်တွေကို ကျွန်တော့်အပေါ် သို့ လွှဲ ချ ဖို့ ပန်းနုသွေး ပရိုမက်စ် အကွက်ဖြင့် အော်စကာ ရအောင် လုပ်နေပြီဖြစ်သည်.....................။
ESTÁS LEYENDO
(ပျားသကာသို့ချိုလှသောချစ်ခြင်း နှင့်🌹🌷)(Completed)
RomanceUnicode// ပျားသကာကဲ့သို့ ချို လှသောချစ်ခြင်းတရားတို့ဖြင့် ထုံမွှန်းထားသော ချစ်ကမ္ဘာငယ်လေးသို့ ❤️❤️ Zawgyi// ပျားသကာကဲ့သို့ ချို လှသောချစ်ခြင်းတရားတို့ဖြင့် ထုံမွှန်းထားသော ချစ်ကမ္ဘာငယ်လေးသို့ ❤️❤️ Start date :: (30/12/2021) End date :: (7/2/2022) #M...