Unicode//
ပျားသကာသို့ချိုလှသည့်ချစ်ခြင်း နှင့်
Extra-1
For zawgyi users,please scroll down the page😘😘.
မနက်ခင်း နိုးထလာချိန် တွင် သူ့ကို မတွေ့မိတော့....။
အလုပ်သို့ သွားလိုက်ပြီ နေမှာပင်.....။မျက်နှာသစ် ရေမိုးချိုး ကာ အောက်ထပ်သို့ ဆင်းလာလိုက်သည်.....။
မနက်စာ စား ပွဲ တွင် ထိုင်ရင်း မနက်စာ စားပြီးနောက် ခြံ ထဲ မှ သားသားလေး တို့ထံ သို့ သွားလိုက်သည်.......။
သားသားလေး ကတော့ ကျွန်တော် နှင့်မတူ စွာ မနက်အစောကြီး နိုး နေပြီမို့ သူ့ ဘွားဘွား များ နှင့် တီတီတာတာ ပင် လုပ် လို့ နေလေပြီ.......။
ပလုပ်တုတ်လေး ကို ကိုင်ကာ လုပ်ကိုင် ပြလိုက်ရင်း သားသားလေး ကို မေကြီး ထံ မှ ယူကာ ပွေ့ ချီလိုက်သည်.......။
"သားသား ရေ သားသားရေ ပါးဆီလာပါအုံး......။"
"သတိထား ချီ နော် ဖြိုးဖြိုး.......။"
မေကြီး ၏ သတိပေးစကား ကို ခေါင်းငြိမ့်ပြလိုက်ရင်း သားသားလေး ကို ပွေ့ချီလိုက်သည်........။
ဝဝကစ်ကစ် သားသားလေး ကတော့ ကျွန်တော့်ထံ သို့ မော့ကြည့်ကာ တခစ်ခစ် ဖြင့် သဘောတကျ ရယ်ပြလာလေသည်.........။
ကျွန်တော် နှင့် တူသည်ဟု မေကြီးတို့ပြောကြသည့် မျက်လုံးဝိုင်းလေး များကလည်း ချစ်စရာ..........။
နီတာရဲ ပါးဖောင်းဖောင်းလေးများကလည်း ချစ်စရာ........။
ပေါင်မုန့်လေး လို.......။ဒါကြောင့်လည်း သူ့ဒယ်ဒီက ပေါင်မုန့်လေးလို့ ချစ်စနိုးနဲ့ ခေါ် နေတာထင်ပါရဲ့..........။
အို သားသားလေး က ဘယ်လို ကြည့်ကြည့် ချစ်စရာလေးပင်.........။
တခစ်ခစ် ရယ်ပြနေသည့် ပါးဖောင်းလေး တွေကို ချစ်စနိုး နဲ့ မွှေးကြူ လိုက်တော့ ပို၍ သဘောတကျဖြင့် ရယ်မောလာလေသည်မို့ သွားရည်တန်း ကြည်ကြည်လေး များ ပင် စီးကျ၍ လာလေပြီ..........။
"ဖြိုးဖြိုး မေကြီး သဘက်ခါ တောင်ကြီး ပြန်တော့မယ်..........။"
"ဟင် မေကြီး ပြန်တော့မလို့လား.........။
ကျွန်တော် မေကြီး ကို လွမ်းနေတော့ မှာ.........။"
CZYTASZ
(ပျားသကာသို့ချိုလှသောချစ်ခြင်း နှင့်🌹🌷)(Completed)
RomansUnicode// ပျားသကာကဲ့သို့ ချို လှသောချစ်ခြင်းတရားတို့ဖြင့် ထုံမွှန်းထားသော ချစ်ကမ္ဘာငယ်လေးသို့ ❤️❤️ Zawgyi// ပျားသကာကဲ့သို့ ချို လှသောချစ်ခြင်းတရားတို့ဖြင့် ထုံမွှန်းထားသော ချစ်ကမ္ဘာငယ်လေးသို့ ❤️❤️ Start date :: (30/12/2021) End date :: (7/2/2022) #M...