Unicode//
ပျားသကာသို့ချိုလှသည့်ချစ်ခြင်း နှင့်
Chapter(10)
For zawgyi users,please scroll down the page😘😘။
ဝမ်းဗိုက်ထဲ မှ မအီမသာ ဖြစ်မှု နှင့်အတူ ညတစ်ရေးနိုးလာချိန် တွင် အလွန်မင်း အော့အန်ချင်လာခဲ့မိသည်....................။
အိပ်ရာထက်မှ အမြန်လူးလွန့်ထလိုက်ရင်း ရေချိုးခန်းဆီသို ဦးတည့်ပြေးရတော့သည်..................။
ကြွေ အိမ်သာအဖုံးကို ဖွင့်လျက် တဝေါ့ဝေါ့ ဖြင့် ထိုးအန်မိသည်................။
ညနေကစားထားသမျှ အကုန်ပြန်ထွက်သွားသလားထင်မှတ်ရသည်.................။
အော့အန်ပြီးချိန်တွင် လူတစ်ကိုယ်လုံး နုံးချိလျက် မောပန်းနေမိသည်................။ဘာမှ ဆက်မထွက်လာနိုင်တော့တာတောင်အော့အန်ချင်စိတ်ကြီးက မပျောက်နိုင်သေးတာမို့ ကျွန်တော် ဆေးထုပ်ရှိရာ လွယ်အိတ် ထံသို့ လျှောက်သွားလိုက်သည်................။
ဆေးကိုထုတ် ယူ လိုက်ရင်း အခန်းထောင့် ရှိ ရေသန့်ထည့်ထားသည့် ရေပူရေအေးစက် ဆီသို့ တရွေ့ရွေ့ဖြင့် လျှောက်လှမ်းသွားကာ ရေနွေး မှတ်စီ ခလုတ် နှိပ်လိုက်သည်...............။
ဝမ်းဗိုက်က ဟာတာတာ ဖြင့် မအီမသာ ဖြစ်နေသည်မို့ ရေအေး မသောက် ချင်မိ.................။
ရီဝေဝေဖြင့် မူးဝေနေသည့် ခေါင်းကြောင့် ခြေလှမ်းများကို သေချာ ထိန်းမတ်ရင်း လျှောက်နေရသည်.................။
ရေခွက်ထဲသို့ရေများကျလာသည်ကို ကြည့်နေရသည်က ပင် မူးဝေနေစေသည်.............။
ရေ ခွက်တစ်ဝက်ခန့် သို့ အရောက်တွင် ခလုတ်ပိတ်လိုက်ပြီး ဆေးသောက်လိုက်သည်..............။ဟာနေသည့် ဝမ်းဗိုက်ထဲ ရေနှင့် ဆေး ဝင်သွားချိန်တွင် ထိုးအောင့်ကာ တက်လာသည့် အော့အန်ချင်စိတ်ကြောင့် အမြန်လှည့်ပြေးရန်ပြုလိုက်ပေမယ့် နေရာမှာတင် ရေတွေအကုန်အန်ထွက်ကုန်သည်.................။
လူက လည်းမောပန်း မူးဝေနုံးချိနေသည်မို့ ပြုတ်မကျသွားစေရန် နံရံ စွန်းကို မြဲမြဲကိုင်ရင်း ကြိုးစားထိန်းမတ်ထားရသည်...............။
ESTÁS LEYENDO
(ပျားသကာသို့ချိုလှသောချစ်ခြင်း နှင့်🌹🌷)(Completed)
RomanceUnicode// ပျားသကာကဲ့သို့ ချို လှသောချစ်ခြင်းတရားတို့ဖြင့် ထုံမွှန်းထားသော ချစ်ကမ္ဘာငယ်လေးသို့ ❤️❤️ Zawgyi// ပျားသကာကဲ့သို့ ချို လှသောချစ်ခြင်းတရားတို့ဖြင့် ထုံမွှန်းထားသော ချစ်ကမ္ဘာငယ်လေးသို့ ❤️❤️ Start date :: (30/12/2021) End date :: (7/2/2022) #M...