Unicode//
ပျားသကာသို့ချိုလှသော ချစ်ခြင်း နှင့်
Chapter(1)For zawgyi user, please scroll down the page😘😘.
အော့အန်ချင်လွန်းလှသည့် စိတ်ကြောင့် အိပ်ရာထက်မှ အမြန်လူးလှိမ့်ထလိုက်ကာ ရေချိုးခန်းအတွင်းသို့ ပြေးဝင်သွားမိသည်..........။အိမ်သာအဖုံးကို ဖွင့်ကာ တဝေ့ါဝေ့ါဖြင့် အော့အန်မိသော်လည်း လေမှ အပ ဘာမှ ထွက်မလာ.............။
ဘာထွက်လာနိုင်တော့မလဲ............။
တစ်နေကုန်အန်ချင်သလိုလို ပျို့အီအီ ကြီး ဖြစ်လျက်
တစ်နေ့ကတည်းကနေ အန်နေခဲ့တာဖြစ်သည်..........။
စားထားသမျှ အစာတွေ ကုန်အောင်အန်ပြီးသွားတော့ လေ တွေ အန် နေသလို ဖြစ်နေ၍ ဝမ်းဗိုက်က လစ်ဟာနေလေသည်...................။ဘာအစာ တစ်ခုမှ ဗိုက်ထဲမထည့် နိုင်............။
အစာဝင်တာနဲ့ ကို ချက်ချင်းအန်တော့တာဖြစ်သည်.........။ဘာတွေ ဖြစ်နေတာလဲ မသိတော့ပါဘူး............။ တစ်နေ့ တစ်နေ့ ပါးစပ်ထဲတွေ့ကရာ အကုန် ကောက်သွပ်ရင်းကနေ ဘယ်မှာများအစားမှားစားမိလဲမသိပါဘူးဗျာ............။
ညီးညီးညူညူ ဖြင့်ဖြိုးဇေယျာနိုင် တွေးမိသည်.......................။
ကျွန်တော့် တစ်သက်နဲ့ တစ်ကိုယ် အစာ မဝင်နိုင်တဲ့ဖြစ်စဉ်မျိုးဆိုတာ ဘယ်တုန်းကမှ မဖြစ်ဖူးခဲ့တဲ့ ဖြစ်စဉ် တစ်ခု.............။
ငယ်ငယ်တုန်းက အပြင်းဖျားပြီး သေမလို ဖြစ်ခဲ့တာတောင် အစာစားချင်စိတ်က မပျောက်သွားခဲ့ဖူးဘူး.............။
ကိုယ်ပူတွေ တက်ပြီးသတိရတစ်ချက် မရတစ်ချက်နဲ့ ကယောင်ကတမ်းတွေ ဖြစ်နေတုန်းကတောင် အစာနံ့ ရတာနဲ့ ကောက်ခနဲထလာပြီး ချက်ချင်းထစားခဲ့တာလို့ မေကြီးက ပြောခဲ့ဖူးတယ်ဗျ............။အခုတော့ ဘာမှကို မဝင်နိုင်တာ.............။
ဝင်တာနဲ့ကို ချက်ချင်း ထိုးအန်နေတာ..........။
အန်တာများလာတော့ ဘာမှ လည်း မစားချင်တော့ဘူး.............။သို့သော် ဟာနေသည့် ဗိုက်ကြောင့် နည်းနည်း ဗိုက်ပြည့်အောင် စားမည် ဆိုသည့် စိတ်ဖြင့် ပေါင်မုန့် ပိုင်းလေးကို ကိုင်လိုက်သည့် အချိန်တွင် တစ်သက်လုံးက စားလာခဲ့သည့် ထိုပေါင်မုန့်ကို မြင်ရုံနဲ့ တင် အန်ချင်လာပြန်သောကြောင့် ပြန်ချထားလိုက်ရသည်.............။
ŞİMDİ OKUDUĞUN
(ပျားသကာသို့ချိုလှသောချစ်ခြင်း နှင့်🌹🌷)(Completed)
RomantizmUnicode// ပျားသကာကဲ့သို့ ချို လှသောချစ်ခြင်းတရားတို့ဖြင့် ထုံမွှန်းထားသော ချစ်ကမ္ဘာငယ်လေးသို့ ❤️❤️ Zawgyi// ပျားသကာကဲ့သို့ ချို လှသောချစ်ခြင်းတရားတို့ဖြင့် ထုံမွှန်းထားသော ချစ်ကမ္ဘာငယ်လေးသို့ ❤️❤️ Start date :: (30/12/2021) End date :: (7/2/2022) #M...