Chapter(9)(U&Z)

16.7K 1.3K 57
                                    

Unicode//

ပျားသကာသို့ချိုလှသည့်ချစ်ခြင်း နှင့်

Chapter (9)

For zawgyi users,please scroll down the page😘😘.

ထိုလူစီစဉ်ပေးထားသော ကား နှင့် ယာဉ်မောင်းတစ်ဦး တို့ နေ့လည် စာ စားပြီးချိန်တွင်ရောက်ရှိလာခဲ့သည်.....................။

ခြေဖမိုး မှ အပူလောင် ဒဏ်ရာ ကတော့သက်သာ သွားပြီ ဖြစ်သည်...........................။

ဘာပဲ ဖြစ်ဖြစ် အလုပ်က ထွက် မယ်ဆိုရင်တောင် ကိုဘုန်းကို တော့ သေချာ ပြောပြီး ကျွန်တော့် နေရာ ၌ လူအစားထိုး ရှာတွေ့ သွား မှ ထွက်ရမည်...................။

ကျွန်တော့် အလုပ်ရှင် ကိုဘုန်းစစ်ရှိန်က ကျွန်တော် ခက်ခဲ နေသည့် အချိန် တွင် နူးညံ့ စွာ ကမ်းလင့် ကာ ကူညီ ပေးခဲ့သူ တစ်ယောက်....................။

ထို စိတ် ဆုံး ဖြတ်ချက်နှင့်အတူ Angle&Fairy's bakery ဆိုင်လေးသို့ ထွက်လာခဲ့သည်.....................။

အမြဲ လူစည်ကား နေသော ဒီဆိုင်လေးက အစဉ်အလုပ်ရှုပ်မြဲ....................။

ဆိုင် အပြင် ဘက် လမ်းမကြီးဘေး ၌ တည်ရှိသော လှပ စွာ ခင်းကျင်းထားသည့် ပန်းရောင် စားပွဲ လေး တွေ ၌ ဆယ်ကျော်သက်အရွယ် ကောင်မလေး များ ဖြင့်ပြည့်နှက်နေလေသည်......................။

ဆိုင်တံခါးကို တွန်းဖွင့် ဝင်ရောက်ကာ အထဲ သို့ ဝင်သွားလိုက်တော့ ကော်ဖီ နှင့် မစ်တီး ဖျော်စက် နားတွင် အလုပ်ရှုပ် နေသည့် မဖွေးက ဝမ်းသာအားရ ထအော်သည်....................။

"ဖြိုးကြီး ရေ နောက်ဆုံးတော့ နင်ရောက်လာပြီပေါ့ ..................။
ငါတို့ တော့ ဒီမှာ သေတော့မယ် ထင်တယ်....................။"

အလုပ်ထွက်လိုကြောင်း ပြောမည့် ရည်ရွယ်ချက်ဖြင့်  ရောက်လာသူ ကျွန်တော့်မှာ မဖွေးကိုမလုံမလဲ အပြုံး ဖြင့်သာ ပြန်တုံ့ပြန် နိုင်တော့သည်......................။

" ဘယ်လိုနေသေးလဲ ............။
နေမကောင်းတာ သက်သာသွားပြီလား............။"

ဆိုင် နောက်ခန်း ထဲ သို့ လှမ်း ဝင်လိုက်တော့ ပစ္စည်း စာရင်း တွေ ပြုစု နေသည့် ကိုဘုန်းက အပြုံးလေး ဖြင့်နှုတ်ဆက်လာသည်........................။

(ပျားသကာသို့ချိုလှသောချစ်ခြင်း နှင့်🌹🌷)(Completed)Место, где живут истории. Откройте их для себя