Unicode//
""မင်္ဂလာနံနက်ခင်းလေး""🍰☕️ ပါလို့ ချစ်သော ဒါဒါ လေး တို့ ကို မီ့ကောင်လေး(ဟွားချန်၊ရှဲ့လျန်၊လန့်ကျန်၊ဝေ့ဝူရှန့်၊လော့ပင်းဟယ်၊ရှန်းချင်းချိုး၊မော့ရန်၊ချူးဝမ်နင်၊ကျန်းဆွေရင်း၊လော့ရိ၊ယန်မင်ရှု၊ပုလဲတွေ စွတ်စားပြီး စွရမ်း ဂလိုးလာတဲ့ အိုပါးဂန်ဒူရှစ်..............etc.)
ရဲ့ ရင်ခွင်ထဲကနေ နှုတ်ခွန်းဆက်သရင်း Up ပေး လိုက်ပါတယ်နော် 🥰😘။
စာရင်းထဲ ပါမသွားကြတဲ့ ကောင်လေး တစ်ချို့က စိတ်ကောက်နေကြလို့ သွားချော့လိုက်အုံးမယ်😁❤️🥰😘။
ပျော်စရာကောင်းတဲ့ နေ့လေး တစ်နေ့ကိုဖြတ်သန်းနိုင်ကြပါစေရှင်❤️။ပျားသကာသို့ချိုလှသည့်ချစ်ခြင်း နှင့်
Chapter(36)
For zawgyi users,please scroll down the page🥰😘.
ကျော်ကြားလှသည့် တောင်သမန်အင်း နှင့် ဦးပိန်တံတား သို့ရောက်သည့် အချိန်တွင် ညနေစောင်းလုပြီဖြစ်သည်................။
ညနေဆည်းဆာ၏ ပုဇွန်ဆီရောင် နေမင်းရဲ့ အလင်းဖျော့ဖျော့အောက်တွင် ကျွန်တော်တို့ အတူတူ ဦးပိန်တံတားထက်ဆီသို့ ယှဉ်တွဲ၍ လျှောက်ဖြစ်သည်...............။
တသွဲ့သွဲ့ဆော်သွေးနေသည့် ညနေခင်းလေပြေလေး နှင့် ဆည်းဆာရောင်ခြည်အောက်တွင် သက်ဝင်လွန်းလှသည့် အနုစိပ်ပန်းချီကားတစ်ချပ်နှယ် လှပလွန်းသည့် တောင်တမန်အင်း၏အလှ..................။
ဦးပိန်တံတား၏ အလှတို့သည်ကား အကြည့်မလွှဲနိုင်လောက်အောင်...............။
ကျွန်တော်တို့ ဖြေးညှင်းစွာ ဖြင့် လျှောက်လှမ်းမိကြသည်.................။
ဒီနေရာက ကျွန်တော် မန္တလေးသို့ ရောက်ဖြစ်ရင် သွားအလည်ချင်ဆုံးဖြစ်သည့် နေရာတွေထဲက တစ်ခုလည်း ဖြစ်နေခဲ့သည်လေ................။
တံတားပေါ်၌ ကျွန်တော် တို့လိုပဲ ဤနေရာ၏ အလှကို ခံစား ဖို့ ရာ ရောက် ရှိ နေကြသည့် သူတွေ ရှိသည်.......................။
" ဘေဘီ ဒီနားကို လာ.............။"
ဘဲကြီး က လက်ယပ်ကာ လှမ်းခေါ်လာသည်မို့ သူ့အနားသို့ လျှောက်သွားလိုက်သည်..............။
YOU ARE READING
(ပျားသကာသို့ချိုလှသောချစ်ခြင်း နှင့်🌹🌷)(Completed)
RomanceUnicode// ပျားသကာကဲ့သို့ ချို လှသောချစ်ခြင်းတရားတို့ဖြင့် ထုံမွှန်းထားသော ချစ်ကမ္ဘာငယ်လေးသို့ ❤️❤️ Zawgyi// ပျားသကာကဲ့သို့ ချို လှသောချစ်ခြင်းတရားတို့ဖြင့် ထုံမွှန်းထားသော ချစ်ကမ္ဘာငယ်လေးသို့ ❤️❤️ Start date :: (30/12/2021) End date :: (7/2/2022) #M...