Chapter(38)(U&Z)

10.3K 877 12
                                    

Unicode//

ပျားသကာသို့ချိုလှသည့်ချစ်ခြင်း နှင့်

Chapter(38)

For zawgyi users,please scroll down the page😘😘.

မင်းစစ်သည်ဦး ဓာတ်ပုံတွဲရိုက်ပြီးနောက်  ဇာနည့်ကို ဝိုင်းဖြုတ်နေကျသည့် ထိုအုပ်စုနှင့် ပေါင်းကာ သူတို့ အုပ်တွေ ဇာနည့်ကို ဆေးထိုးနေကြတာဖြစ်သည်...............။

ဟိုက သတို့သမီး အသစ်စက်စက် လေး သီရိမျက်နှာကလည်း နီရဲနေပြီဖြစ်သည့် အတွက် ဟိုကောင်တွေကို ဟန့်တားလိုက်ရင်း ဖြိုးလေး ထိုင်နေရာသို့ လှည့်ကြည့်လိုက်သည်...............။

အခုနတုန်းကတောင် အဲ့ဒီနားလေးမှာ ထိုင်ပြီး စားသောက်နေသည့် ကောင်လေးက မရှိတော့..............။

ဖြိုးလေး ရှိရာထံသို့ မကြာမကြာသွားကာ အဖော်ပြုပေးရန်ကြိုးစားသော်လည်း ဒီကောင်တွေက ဇာနည့်ပွဲမှာ ကျွန်တော့်ကို ပါ ဝိုင်းကျပ်ချင်စိတ်ဖြင့်  အတင်းဆွဲခေါ် ခေါ်လာသည်မို့ ကျွန်တော့်မှာ သူတို့နောက်သို့ ယက်ကန် ယက်ကန်ဖြင့် ပါလာရသည်................။

တစ်ယောက်တည်း အူကြောင်ကြောင်ဖြင့် ဖြစ်နေရှာမည့် ဖြိုးလေးကို လည်း စိတ်မချနိုင် ဒီကောင်တွေအုပ်စုကလည်း ကျွန်တော့်ကို  အလွတ်မပေးသဖြင့် ကျွန်တော့်မှာ ဒီနားကနေသာ စကားလေးပြောလိုက် ထိုနေရာသို့ မကြာမကြာကြည့်ရင်း ဖြင့်ရှိနေရသည်.................။

အခုနက ထိ ထို နေရာမှာ တစ်ယောက်တည်း ထိုင်ရင်း ရှိနေသည့် ဖြိုးလေးက ကျွန်တော့်ကိုလည်း ဘာမှ မပြောဘဲ တစ်ယောက်တည်း ဘယ်ပျောက်သွားတာပါလိမ့်...............။

ဒီမှာနေရင်းက  ပျင်းလာလို့များ အခန်းသို့ ပြန်သွားလေသလား...........။

ကျွန်တော် ဖြိုးလေး ထံသို့ ဖုန်းခေါ်လိုက်သည်.............။

ဖုန်းဝင်သွားသော်လည်း ဖုန်းမကိုင်...............။
ဘာကြောင့် ဖုန်းမကိုင်တာပါလိမ့်................။
သန့်စင်ခန်းတွေ ဘာတွေ ဝင်နေလို့များလား ..............။

ခနနေ ပြန်ခေါ် ကြည့်ရမည်.............။

"ဟာ ဟေ့ကောင် မင်းစစ် မင်းက ဒီလိုနေ့မျိုးမှာ ဘာလို့ ဖုန်းကိုပဲ တစ်ချိန်လုံး ကြည့်နေရတာလဲကွ.............။
လာလေကွာ ဟေ့ကောင်.............။
ငါတို့ကောင်တွေ အတူတူ ပြန်ဆုံကြဖို့ဆိုတာ သိပ်လွယ်တာမဟုတ်ဘူးကွ.............။"

(ပျားသကာသို့ချိုလှသောချစ်ခြင်း နှင့်🌹🌷)(Completed)Where stories live. Discover now