Aquarium, Aloe Vera and Alyssum~2~

1.4K 100 6
                                    

Alyssumပန်းပုံလေးပါ။သူကရောင်စုံလာပါတယ်

သူ့အဓိပ္ပာယ်က "worth beyond beauty" or "sweetness of soul

Alyssumပန်းပုံလေးပါ။သူကရောင်စုံလာပါတယ်


scroll down for Zawgyi Thank you.

Aloe Vera and Alyssum

"လူဘာမှမဖြစ်တာပဲတော်သေးတာပေါ့ သားကလဲ စိတ်လျှော့ပါ...အပင်တွေလဲပျက်စီးသွားတာမှ မဟုတ်တာပဲ"

"သားကိုယ်တိုင်စိုက်လာတာ မားမားကိုလက်ဆောင်ပေးချင်လို့ အဲ့တာကိုအကုန်ပြန့်ကျဲကုန်တာ အခုကပြန်ပြင်ထားရတာလေ"

အမေနားကိုကပ်ချွဲနေတဲ့ရိပေါ်က ၂၃နှစ်။ အထက်တန်းနောက်ဆုံးနှစ်ကျောင်းသားလေးတစ်ယောက်။ ရင့်ကျက်သင့်တာထက်ပိုပြီးရင့်ကျက်တဲ့လူငယ်လေးပေမယ့် မိဘတွေနဲ့ဆိုကပ်ချွဲချင်တုန်း။ သူကိုယ်တိုင်ပျိုးလာတဲ့အပင်လေးနှစ်ခုက ရှားစောင်းလက်ပတ်ပင်နဲ့ Alyssumပန်းပင်လေးတွေ။ စိတ်ရှည်စွာပျိုးရတဲ့ပန်းပင်လေးတွေမို့လို့ ရိပေါ်ရဲ့မားမားကတော့အတော်လေးသဘောကျနေပုံရတယ်။

"Alyssumပန်းက သူတို့ချစ်တဲ့သူတွေအတွက် ရည်ရွယ်ပြီးပျိုးရတဲ့ပန်းပဲ အချစ်တွေထည့်ပြီးပန်းပင်ကို ဂရုစိုက်ရတာလို့တောင်ပြောကြတာ သားမှာမေမေတို့အပြင် ချစ်တဲ့သူများရှိနေပြီလား ကိုယ်ချစ်တဲ့သူကိုမပေးရဲလို့ မေမေတို့ကိုလာပေးတာမဟုတ်ဘူးမလား"

ရိပေါ်ရဲ့အမေကစနောက်ပြီးပြောတော့ ရိပေါ်ရယ်လိုက်မိတယ်။ သူ့မိသားစုလေးကနွေးထွေးတယ်။ အမေနဲ့အဖေက တစ်ယောက်ကိုတစ်ယောက်တအားချစ်ကြတဲ့မောင်နှံတွေ။ သူ့ကိုလဲချစ်တတ်ဖို့ သင်ပေးကြတဲ့သူတွေ။  ချစ်တွေနဲ့ဖွဲ့စည်းထားတဲ့မိသားစုလေးမှာ သူက တစ်ဦးတည်သောကလေးတစ်ယောက် မို့လိုမိဘတွေဆီမှာဆိုးပေမဲ့ အပြင်လောကမှာတော့ ရင့်ကျက်တဲ့အထက်တန်းကျောင်းသားတစ်ယောက်ပါပဲ။

"အချစ်ဆိုတာဘာမှန်းမသိသေးတဲ့ လူပါနော် ကျွန်တော့်မှာချစ်ရတာဆိုလို့ ဒီမိသားစုပဲရှိတာကို"

"ယုံပါတယ်

သားရဲ့ကွန်ဒိုကနေရတာအဆင်ပြေရဲ့လား ဒီမှာပဲညစာစားသွားပါလား သားရဲ့ သားအဖေလဲသားကိုတွေ့ချင်နေတာ"

Aquarium, Aloe Vera and Alyssum (Completed)Where stories live. Discover now