Aquarium, Aloe Vera and Alyssum~32~

641 37 18
                                    

I wanna eat ice-cream like in the pic but so sad I don't have a girl friend >︿<

Scroll down for Zawgyi thank youuu<3

~ ~ ~ ~

"သက်သေတွေကို 
ဘယ်လိုရသွားတာလဲ
ကျွန်တော့်ရဲ့ချစ်သူလေး..."

"အဲ့တာက ကိုယ်ရခဲ့တာမဟုတ်ပါဘူး
ဟွားလျှို့တို့ ရလာတာ..."

"ကျွန်တော်က အဲ့သက်သေတွေကိုတော့
မမြင်စေချင်ခဲ့ဘူး...
ကျွန်တော်တို့ကြားမှာ အက်ရာတွေ...
ထပ်မဖြစ်စေချင်တော့လို့"

"ကိုယ်လေ...နေမကောင်းချင်သလိုဖြစ်နေတယ်
အလုပ်တွေပိနေလို့ဖြစ်မယ်ထင်တယ်"

ဝမ်ရိပေါ်နားမှာ ရှောင်းကျန့်က ကြောင်လေးတစ်ကောင်လို ကပ်ချွဲတယ်။ ဝမ်ရိပေါ်က ရယ်လိုက်ရင်း ရှောင်းကျန့်နဖူးလေးကို ဖွဖွလေးနမ်းတယ်။

ဒီအဖြစ်အပျက်တွေပြီးသွားတာတောင် သူတို့က အတူတူရှိနေတုန်းပဲ။ ဘာကိုမှဂရုမစိုက်သလိုမျိုး။

"ကျွန်တော်တို့...
ကျွန်တော်တို့နှစ်ယောက်ရဲ့
ဆက်ဆံရေးကို လူသိရှင်ကြား
ကြေညာကြမလား
ကျွန်တော် ရှောင်းကျန့်ကို...
လက်ထပ်ခွင့်တောင်းချင်တယ်"

ရှောင်းကျန့်ရဲ့ အတွက်တော့ မမျှော်လင့်ထားတဲ့ အရာတစ်ခုပဲ။ ၂၄ နှစ်ပြည့်တော့မည့် လူငယ်လေးဆီက လက်ထပ်ခွင့်တောင်းခံရတော့မှာတဲ့လား သူ့လို အသက် ၃၄ ထဲဝင်နေတဲ့ လူကြီးတစ်ယောက်ကလေ။

ရှောင်းကျန့်ရဲ့ ငြိမ်သက်သွားမှုကို ဝမ်ရိပေါ်သဘောမကျလှပေမဲ့ ဒီကိစ္စက ချက်ချင်းမဖြစ်နိုင်မှန်းတော့ သူကိုယ်တိုင်လဲသိနေပါတယ်။

"Championship မှာ မင်းဆုရတဲ့နေ့
အဲ့‌နေ့မှာကြေညာကြတာပေါ့...
မဟုတ်လဲ အဲ့နေ့မှာလက်ထပ်ခွင့်တောင်းလေ"

ဒါကတော့ ဝမ်ရိပေါ် မမျှော်လင့်ထားတဲ့စကားပဲ။ သူမျှော်လင့်တာက မဖြစ်နိုင်ကြောင်း ရှောင်းကျန့်က နားချလာလိမ့်မယ်လို့လေ။

"ကျွန်တော်ဆုရမယ်လို့
ဘာလို့များသေချာနေရတာလဲ"

"ဘာလို့လဲဆိုတော့...
မင်းက ကိုယ့်ရဲ့ Tracer 85 လေ ချစ်သူလေး"

"ဟာဗျာ...လူငယ်လေးကို
မြှူဆွယ်နေတော့တာပဲ..."

"ကိုယ်က ဘာမှမလုပ်ပါဘူး..."

Aquarium, Aloe Vera and Alyssum (Completed)Where stories live. Discover now