Scroll down for Zawgyi thank youu
~ ~ ~ ~
ချစ်သူလေးဟာ အကြောင်းပြချက်မရှိစွာ ထွက်ပြေးခဲ့လေတယ်။
ကျန်ခဲ့တဲ့ ငါးကန်လေးဟာလဲ ချစ်သူမရှိတော့ လွမ်းမောဖွယ်။
ချစ်သူလေးဟာ ကြောင်လေးကိုတော့ ယူဆောင်သွားခဲ့တယ်။
အစားပြန်ပေးဖို့ဆိုပြီး ပျိုးထားခဲ့တဲ့ ရှားစောင်းလက်ပတ်ပင်လေးတွေကို ပြန်မပေးခဲ့လေဘူး။
အတူတူစိုက်ပျိုးခဲ့တဲ့ Alyssum တွေ ဖူးပွင့်နေကြပြီ။
ဒါပေမဲ့ ချစ်သူလေးကတော့ အကြောင်းပြချက်မဲ့စွာ ထွက်ပြေးဆဲ။
~ ~ ~ ~
"ဒီကမ္ဘာပေါ်မှာလူတွေအများကြီးရှိရဲ့သားနဲ့
ဝမ်မျိုးရိုးနဲ့မှ သွားပတ်သက်တာပဲ
ငါ့ကိုလည်း အသိမပေးဘဲနဲ့လေ
နောက်တော့ အရူးထပြီး လူတွေကြားထဲမှာ
လက်စွပ်တောင်လဲခဲ့ကြသေးတယ်ပေါ့
Switzerland ကိုသွားရမှာမဟုတ်လား
ဘာမဟုတ်တဲ့ကိစ္စနဲ့ ဒီမှာဆက်နေနိုင်သေးတယ်လား"'ဘာမဟုတ်တဲ့ကိစ္စ' တဲ့။
ရှောင်းကျန့် ရယ်ပဲရယ်နိုင်တော့တယ်။ အဖေဖြစ်သူအတွက် ဒီကိစ္စက ဘာမှအရေးမပါဘူးပဲ။
"စီးပွားရေးလောကရဲ့အထက်မှာ
ငါးနှစ်နီးပါးလောက် နေလိုက်တော့
မင်းကိုယ်မင်း ဒီလုပ်ငန်းစုနဲ့ ထိုက်တန်နေပြီလို့
အထင်ရောက်သွားတာလား ဟမ်!""ကျွန်တော့်ကိုမလိုတော့ဘူးဆိုတော့
Switzerland ပြန်ပို့တော့မယ်ပေါ့
အဲ့လိုလား...အဟက်
ဟုတ်တာပေါ့ ကျွန်တော်က
အစ်ကိုမှမဟုတ်တာပဲ
အဖေချစ်သားလေးမဟုတ်ဘူးလေ
သိပြီ"ရှောင်းကျန့်က ထိုစကားတစ်ခွန်းသာပြောပြီး လှည့်ထွက်လာခဲ့တော့တယ်။ အဖေဖြစ်သူရဲ့ မျက်လုံးထဲမှာ သူ့အစ်ကိုသာရှိခဲ့တာ။ ဟိုးအရင်ကတည်းက။ အစ်ကိုဖြစ်သူအတွက် တရားမျှတမှုကိုပြန်ရှာပေးတာတောင်မှ၊ တရုတ်ပြည်မှာ ရှိသမျှလုပ်ငန်းစုအားလုံးကို ဟွားလျှို့လက်ထဲ လွှဲပြောင်းပေးအပ်ခဲ့ပြီးတာတောင်မှ သူက မထိုက်တန်သေးဘူးတဲ့လေ။
ဒါပေမဲ့ သူ့ခြေလှမ်းတွေဟာ အဖေဖြစ်သူရဲ့စကားကြောင့် ရပ်တန့်သွားရပြန်တယ်။
![](https://img.wattpad.com/cover/296592021-288-k898161.jpg)
YOU ARE READING
Aquarium, Aloe Vera and Alyssum (Completed)
Fanfictionအချစ်လို့ပြောရင် Aquarium Aloe Vera Alyssum လို့ပဲဖြေမယ်။ It's BJYX! Mature on! read at your own risk :D