scroll down for Zawgyi thank you.
~ ~ ~ ~
Alyssum
မျက်ဝန်းထောင့်ကမြင်လိုက်ရတဲ့ ခေါင်းလုံးလုံးလေးကို အသေအချာကိုသိတာမို့ ရှောင်းကျန့် ပြုံးလိုက်မိသည်။ ဘယ်အချိန်လောက်ကတည်းက နောက်ယောင်ခံလိုက်လာခဲ့လဲမသိပေမယ့် သူတို့ပြောတာတွေကို အသေအချာလိုက်နားထောင်နေပုံရသည်။ လိုက် stalk တာကို လူသိသွားမှာမျိုးလည်း လိုလားမှာမဟုတ်လို့ မသိချင်ယောင်သာဆောင်ထားလိုက်ရတော့သည်။ လော့ရီရီလည်း သတိထားမိပုံမရ။
"ကိုယ်ပြန်သင့်နေပြီ"
"ရီရီတစ်ကယ်အားနာပါတယ်
ဦးကိုအလုပ်ရှုပ်စေမိပြီ"ရှောင်းကျန့်က ခေါင်းတစ်ချက်ညိတ်ရင်း အသိအမှတ်ပြုလိုက်တယ်။ သူတစ်ယောက်တည်းအလုပ်ရှုပ်သွားတာမဟုတ်မှန်း လော့ရီရီသိပုံမရ။
"ဒီကိုလာတုန်းက
အိမ်က driver နဲ့လာခဲ့တာ
ရီရီ့မှာ ယာဉ်မောင်းလိုင်စင်မရှိသေးဘူး
အခု အဲ့driver ကို ဒယ်ဒီကခေါ်ထားတယ်တဲ့
ဦးပဲလိုက်ပို့လို့မရဘူးလား""အင်း...အခက်အခဲမရှိပါဘူး"
ရှောင်းကျန့်လက်ခံလိုက်တာကို ဝမ်ရိပေါ် စိတ်ဆိုးတာမျိုးမရှိပါဘူး။ လူမှုရေးအရလက်ခံလိုက်တာကို နားလည်ပေးလို့ရပါတယ်။
သဝန်တိုတဲ့ စိတ်ကိုတော့ သူတားလို့မရပြန်ဘူး။ အခုချက်ချင်းတောင် သွားတားလိုက်ချင်တာ။ ရှောင်းကျန့်မှာလဲ ရှောင်းကျန့်ကိုယ်ပိုင်ဘဝရှိတာကြောင့် သူကနေရာတကာ ဝင်ပါနေလို့မရဘူးလေ။ အဲ့ဒီအတွက် သူ့မှာ လုပ်စရာတစ်ခုပဲရှိတော့တယ် ရှောင်းကျန့်နောက်ကိုဆက်လိုက်ဖို့။
(A/N: ဝမ်ရိပေါ်လို နားလည်ပေးတဲ့ချစ်သူမျိုး လိုက်မရှာနဲ့မရှိပါဘူး)
~ ~ ~ ~
"အဲ့တာကဒီလိုလုပ်ရမှာလေ"
ရှားစောင်းပင်တွေကို အေးဆေးပျိုးနိုင်တဲ့ရှောင်းကျန့်က Alyssum ပန်းလေးတွေပျိုးဖို့ကိုတော့ စိတ်လှုပ်ရှားနေပုံရတယ်။ Alyssum ပန်းလေးတွေက သိပ်နူးညံ့တာလေ။ အဲ့တာကြောင့် စပျိုးကတည်းက သေချာဂရုစိုက်ဖို့လိုတယ်။
YOU ARE READING
Aquarium, Aloe Vera and Alyssum (Completed)
Fanfictionအချစ်လို့ပြောရင် Aquarium Aloe Vera Alyssum လို့ပဲဖြေမယ်။ It's BJYX! Mature on! read at your own risk :D