Aquarium, Aloe Vera and Alyssum~8~

875 79 0
                                    

scroll down for Zawgyi thank you.

~ ~ ~ ~

Alyssum

"ရှောင်းကျန့်...

တွဲရအောင်"

ရိပေါ်ရဲ့အကြည့်တွေက နမ်းထားလို့စိုစိုလေးဖြစ်နေတဲ့ သူ့နှုတ်ခမ်းတွေစီကနေ မခွာသွားဘူး။ သူရုန်းလို့မရလောက်အောင်ကို သူ့ရဲ့စိတ်အစဉ်ရော ခန္ဓာကိုယ်ရောက ရိပေါ်ဆီမှာ မြဲမြံနေတယ်။

ဝမ်ရိပေါ်ဆီမှာ မချည်နှောင်မိချင်ရင် ဝမ်ရိပေါ်ရဲ့မျက်ဝန်းတွေထဲကိုစိုက်မကြည့်ပါနဲ့။ အကယ်၍ မင်းစိုက်ကြည့်မိခဲ့ရင် အဆုံးမရှိနိုင်တဲ့ စကြာဝဠာထဲကို မင်းဆွဲသွင်းခံလိုက်ရလိမ့်မယ်။ ပြန်ရုန်းမထွက်တဲ့ နွံအိုင်ထဲမယ် ဝမ်ရိပေါ်သာ မှီတွယ်ရာ ဖြစ်သွားနိုင်တယ်။

 ဒါကရှောင်းကျန့်ပေးနိုင်တဲ့ သတိပေးစကားပဲဖြစ်တယ်။ သူကိုယ်တိုင်ကတော့ ဝမ်ရိပေါ်ဆီမှာ တွယ်ငြိသွားပြီမို့လို့ ရုန်းမထွက်နိုင်တော့ပါဘူး။

ငြိမ်သက်နေတဲ့ရှောင်းကျန့်က ဝမ်ရိပေါ်လိုချင်တဲ့အဖြေမဟုတ်ဘူး။ 

"ကျွန်တော့်ကိုဖြေပါဦး..."

ဝမ်ရိပေါ်ကသိပ်ဆိုးပါတယ်။ ရှောင်းကျန့်ရဲ့မျက်နှာကိုမော့ယူလို့ အကြည့်ချင်းဆုံစေတယ်။ တစ်နည်းပြောရရင် အကြည့်တွေနဲ့ချုပ်နှောင်လိုက်တာပါ။

"ငါ...ဟွားလျှို့ကို 

ကျောင်းသွားကြိုရဦးမယ်"

"ခင်ဗျားသိပ်ဆိုးတယ်"

ရှောင်းကျန့်ကို ပိုသာသာလေးတိုးဖက်လိုက်မိတယ်။ ရှောင်းကျန့်တစ်ယောက်တည်း ဝမ်ရိပေါ်ဆီကရုန်းမထွက်နိုင်တာမဟုတ်ပဲ ဝမ်ရိပေါ်ကိုယ်တိုင်လဲ ရှောင်းကျန့်ဆီက ရုန်းမထွက်နိုင်တော့ဘူး။

"ငါ့ကိုလွှတ်..."

"ကျွန်တော်မေးတာကိုအရင်ဖြေပါဦး

ခင်ဗျားလေးရဲ့..."

"မင်းလိုကလေးတွေကို

စိတ်မဝင်စားဘူး"

ရိပေါ်ရဲ့ ရယ်သံက ရှောင်းကျန့်ကိုလှောင်နေသလိုပဲ။ ကိုယ်သဘောကျတဲ့သူကလှောင်ရင် ပိုပြီးအထိနာတာမို့လို့ ရှောင်းကျန့်ရုန်းထွက်လိုက်တယ်။ ရှောင်းကျန့်ကိုယ်တိုင်ရုန်းထွက်လို့ ရသွားတာတော့မဟုတ်ဘူး သူ့ပါးကိုတစ်ချက်နမ်းသွားပြီးမှ လွှတ်ပေးတဲ့ ဝမ်ရိပေါ်ကလူဆိုးလေးပါပဲ။

Aquarium, Aloe Vera and Alyssum (Completed)Where stories live. Discover now