It is just an Aloe Vera plant but means a lot.
scroll down for Zawgyi thank you.
~ ~ ~ ~
Aloe Vera (ရှားစောင်းလက်ပတ်ပင်)
ရှားစောင်းလက်ပတ်ပင်ဆိုတာ အခုခေတ်မှာတော့ အလှကုန်ပစ္စည်းတွေမှာအသုံးပြုကြတဲ့ အပင်လို့သာ လူအတော်များများကသိကြတော့တယ်။ တစ်ကယ်တော့ ရှားစောင်းလက်ပတ်မှာလဲ အလှအပထက်အသုံးဝင်တာတွေလည်း အများကြီးရှိပါတယ်တဲ့။ သမိုင်းကြောင်းနဲ့ချီပြီးတောင် ရှားစောင်းလက်ပတ်ပင်ရဲ့ အသုံးဝင်မှုတွေဟာ ကျယ်ပြန့်ပါတယ်။
Egypt ပြည်ကလူတွေဟာ ရှားစောင်းလက်ပတ်ပင်ကို 'plant of immortality' ဆိုပြီးသိကြတယ်။ သူတို့ဟာရှားစောင်းလက်ပတ်ပင်ကို အလှအပထက် ကူးစက်ရောဂါများ နှင့် အခြားသောရောဂါတွေကို ကာကွယ်ကုသတဲ့နေရာမှာ အသုံးပြုကြပါတယ်တဲ့။
ဒဏ္ဍာရီတွေပြောကြတာတော့ Alexander the Great (မဟာအလက်ဇန္ဒား) နဲ့သူ့ရဲ့စစ်တပ်နဲ့ ရှားစောင်းလက်ပတ်အပင်တွေရှိတဲ့ ကျွန်းတွေရှိရာကို သင်္ဘောတွေနဲ့ရွက်လွှင့်ထွက်ခွာခဲ့ကြပါတယ်။ ဘာကြောင့်ထွက်ခွာခဲ့ကြတာလဲဆိုရင် ရှားစောင်းလက်ပတ်ပင်တွေဟာ သူတို့ဒဏ်ရာတွေကို သက်သာစေပြီး ပျောက်ကင်းစေပါတယ်။ သူ့တို့ရဲ့ ကျန်းမားရေးကိုလဲ ပြန်ကောင်းစေပါတယ်တဲ့။ သူတို့ဟာ ရှားစောင်းလက်ပတ်ပင်အတွင်းက အဆီကို ဖျော်ရည်အဖြစ်ပြုလုပ် သောက်သုံးကြပြီး ရောဂါကူးစက်မှုတွေဆီကလဲကာကွယ်ကြပါသေးတယ်တဲ့။
"ဟူး..."
ရှောင်းကျန့်ကတိုးတိုးလေး သက်ပြင်းချတယ်။ ထိုနေ့က ရိပေါ်နဲ့သူ့ကားနဲ့ မတော်တဆတိုက်မိခဲ့တဲ့နေ့က ရိပေါ်လက်ထဲက အပင်တစ်ခုက ရှားစောင်းလက်ပတ်ပင်ဆိုတာတော့ သေချာသိတယ်။ နောက်တစ်ခုက ပန်းတစ်ခုပဲ သူမသေချာသေးဘူး။ ပန်းအိုးတွေကသူ့ကြောင့် ကွဲသွားတာမို့လို့ တိတ်တိတ်လေး ပြန်ပေးလိုက်ချင်ရုံပါ။
ရှားစောင်းလက်ပတ်ပင်တွေကသိပ်အသုံးဝင်တာပဲလို့ သူတွေးမိတယ်။ နောက်ဒီခရီးသွားလုပ်ငန်းစုကို ဟွားလျှို့ကိုပေးခဲ့ပြီးရင် သူအေးရာအေးကြောင်းပဲနေတော့မယ်။ စီးပွားရေးအသိုင်းအဝိုင်းတွေနဲ့ဝေးရာမှာ အေးအေးချမ်းချမ်းလေး နေထိုင်သွားမယ်။ အပင်လေးတွေစိုက်ချင်လဲစိုက်မယ်။ ရိပေါ်က သူ့ကိုအဖော်ပြုချင်လဲပြုပေးမှာပေါ့။
YOU ARE READING
Aquarium, Aloe Vera and Alyssum (Completed)
Fanfictionအချစ်လို့ပြောရင် Aquarium Aloe Vera Alyssum လို့ပဲဖြေမယ်။ It's BJYX! Mature on! read at your own risk :D