Aquarium, Aloe Vera and Alyssum~19~

645 54 6
                                    

This part can be quite boring :3

Scroll down for Zawgyi thank you.

~ ~ ~ ~

လော့ရီရီရဲ့ ထပ်မံချိန်းဆိုမှုကို ရှောင်းကျန့် ငြင်းလိုက်ချင်တယ်။ ဒါပေမယ့် မငြင်းမိဘူး။ ဘာကြောင့်ဆို ဒီတစ်ခါတွေ့ဆုံတာ ရှောင်းကျန့်နဲ့လော့ရီရီနဲ့မဆိုင်ဘဲ ဟွားလျှို့နဲ့သာ သက်ဆိုင်နေတယ်။

"ကိုယ့်ကိုဘာလို့
ထပ်တွေ့ချင်ရပြန်တာလဲ"

"ဟွားလျှို့အကြောင်းပြောချင်လို့"

"ဟွားလျှို့က ဘာဖြစ်လို့လဲ"

"ဒီရက်ပိုင်း ဟွားလျှို့ကို 
ဂရုစိုက်ရဲ့လား ဦးလေးရှောင်းကျန့်
ဟွားလျှို့ရဲ့ မိဘတွေဆုံးပါးတဲ့နှစ်ပတ်လည်
ရောက်တော့မယ်"

ဒါကို ရှောင်းကျန့်သိတာပေါ့။ လော့ရီရီဘာဖြစ်ချင်နေလဲဆိုတာကိုပဲ ရှောင်းကျန့်မသိတာ။

"ဆိုလိုရင်းကိုတည့်တည့်သွား
လော့ရီရီ"

"ဟွားလျှို့က ဦးကိုသိပ်ချစ်တယ်
ဒါပေမယ့် ဦးကရော...
ဟွားလျှို့မိဘတွေရဲ့လုပ်ကြံခံရမှုရဲ့
နောက်ကွယ်ကိုစုံစမ်းနိုင်ခဲ့ရဲ့လား"

"ဘာကိုပြောချင်တာလဲ
ကားတိုက်ခဲ့တဲ့သူကို
ထောင်ထဲကိုပို့ခဲ့တယ်လေ
အခုချိန်လောက်ဆို ထောင်ထဲမှာ
နှိပ်ဆက်ခံရပြီး အရိုးတွေပါပုပ်နေလောက်ပြီ"

ဟုတ်တယ် အဲ့ဒီလူကို သေလောက်တဲ့နာကျင်မှုတွေကို ခံစားစေဖို့ ငွေသုံးခဲ့တယ်။

ရှောင်းကျန့်ရဲ့မျက်ဝန်းတွေက နူးညံ့တဲ့ အကြင်နာပြည့်ဝတဲ့မျက်ဝန်းတွေကနေ ရက်စက်တဲ့ ခံစားမှုမရှိတဲ့မျက်ဝန်းတွေဆီကို ကူးပြောင်းသွားတယ်။ နွေးထွေးပြီးညင်သာတဲ့အသံကနေ သွေး‌အေးပြီးမာထန်တဲ့ အသံအဖြစ် ပြောင်းလဲသွားပြန်တယ်။

"မဟုတ်ဘူး...အဲ့လူက
ဒီအတိုင်းဝန်ခံသွားတာ
အဲ့အချိန်က ရီရီမှတ်မိခဲ့တဲ့
အဲ့လူရဲ့မျက်နှာမှာ
နောင်တလည်းမရှိသလို
ပျော်နေပုံတောင်ရသေးတယ်"

လော့ရီရီက ဒါတွေကို အခုမှဘာကြောင့်ထုတ်ပြောသလဲ ရှောင်းကျန့်မတွေးနိုင်ဘူး။ သူ့အစ်ကို ကို သတ်တဲ့ နောက်ကွယ်က တရားခံလွတ်နေတယ်ဆိုတဲ့ စကားမှာတင် သူအများကြီးစဉ်းစားနေရပြီ။ 

Aquarium, Aloe Vera and Alyssum (Completed)Where stories live. Discover now