Aquarium, Aloe Vera and Alyssum~Extra_2~

685 42 2
                                    

~You are my sunshine
My only sunshine
You make me happy
When skies are gray
You'll never know, dear
How much I love you
Please don't take my sunshine away~

Scroll down for Zawgyi. Thank youu<33

⌂ ⌂ ⌂ ⌂

နောက်ဆုံးတော့လည်း ရှောင်းကျန့်ကို ရိပေါ် လိုက်လျောရတာပါပဲ။ ‌

"uterus အလှူရှင်ကို
ကျွန်တော်တို့က အသိပေးခွင့်မရှိပါဘူး"

ရှောင်းကျန့်တို့ထံ uterus လှူလိုက်သည့် အလှူရှင်သည် သိစေချင်ပုံမရပေ။ မည်သို့ပင်ဆိုစေကာမူ...ယခုကဲ့သို့ ခန္ဓာကိုယ်၏ အရေးကြီးလှသော အစိတ်အပိုင်းကို လှူပေးသော အလှူရှင်ကို ကျေးဇူးတင်လွန်းသဖြင့် စကားနှင့်တောင် ဖော်ပြ၍မရနိုင်။

ခွဲစိတ်ခန်းကိုမဝင်ရောက်ခင်အချိန်ထိ ရှောင်းကျန့်ရဲ့လက်ကို ရိပေါ်က တင်းနေအောင် ဆုပ်ကိုင်ပေးထားပဲဖြစ်သည်။ 

"အဆင်ပြေသွားမှာမို့မကြောက်ရဘူးနော်"

ရှောင်းကျန့်က ဖြည်းဖြည်းချင်း ခေါင်းညိတ်ပြလာတယ်။ 

သူ စကားတောင်မပြောနိုင်ဘူး စိုးရိမ်လွန်းလို့။ 

သူက ဆုံးဖြတ်ချက်တိုင်းကို သေချာရေရာမှ ချတတ်တဲ့ လူစားမျိုးပါ။ 

ဒါပေမဲ့ အခုအကြိမ်နဲ့ဆို မသေချာဘဲ ဆုံးဖြတ်ချက်ချမိတာ နှစ်ကြိမ်ရှိပြီ။ 

Mr. Wang ကို တရားစွဲဖို့ ဆုံးဖြတ်ချက်ချတုန်းကလည်း ရိပေါ်နဲ့ ဝေးရမှာကြောက်လို့ ချီတုံချတုံဖြစ်ခဲ့ရတာပဲ။ 

အခုလည်း အဲ့ဒီအတိုင်းပဲ။ ဒီအကြိမ်ကတော့ ချွတ်ချော်သွားရင် အပြီးတိုင်ဝေးရမှာ ဖြစ်သည်။

နဖူးကို ဖွဖွနမ်းလာတဲ့ ရိပေါ်ကို ရှောင်းကျန့် ပြုံးပြလိုက်မိသည်။ နွေးထွေးသောအပြုံးတစ်ခုပေးလာသည်။ ချစ်ခြင်းမေတ္တာနှင့် နှစ်သိမ့်ခြင်းတို့လည်း အဆစ်ပါဝင်သည်။ ရှောင်းကျန့်က တည်တည်ငြိမ်ငြိမ်ပါပဲ။ ဟွားလျှို့တို့ကိုတောင်မှာ ‌စိတ်မပူဖို့ အကြည့်နဲ့ သတိပေးသွားသေးသည်။

ခွဲစိတ်ခန်းကမီးအလင်းရောင်က မေ့ဆေးကြောင့် သတိမလစ်ခင်အချိန်မှာ ရှောင်းကျန့်မြင်လိုက်ရသော အလင်းရောင်တစ်ခုဖြစ်သည်။

Aquarium, Aloe Vera and Alyssum (Completed)Where stories live. Discover now