~You might think I'm crazy
The way I've been cravin'
If I put it quite plainly
Just gimme them babies~Switch to next part for Zawgyi. Thank youu<33
⌁ ⌁ ⌁ ⌁
"ရိပေါ်...ကိုယ်...
မင်းကို...ကလေးလေးတစ်ယောက်လောက်
မွေးပေးချင်တယ်""ဒါဆိုယောက်ျားက
ဟောဒီနေရာလေးကို
အချစ်တွေအများကြီးနဲ့...
ဖြည့်ပေးရမှာပေါ့"ရှောင်းကျန့်ရဲ့ ကလေးလိုချင်ကြောင်း၊ ကလေးမွေးပေးချင်ကြောင်းကို ရိပေါ် ခဏခဏ ကြားနေရပေမဲ့ ရိပေါ် စကားလမ်းကြောင်းတွေသာလွှဲလိုက်မိတာဖြစ်သည်။ ကလေးမွေးစားတာမျိုးလည်းမဟုတ် ရှောင်းကျန့်ကိုယ်တိုင်က ကလေးလွယ်ပြီး မွေးချင်တာဖြစ်နေသည်။ ဒါက အခုခေတ်မှာ မဖြစ်နိုင်တာမျိုးမဟုတ်ပေမဲ့ အန္တရာယ်လည်း များလွန်းတာကြောင့် ရိပေါ် ခွင့်ပြုဖို့ မဖြစ်နိုင်ချေ။
တစ်ရက်ပြီး တစ်ရက် ရှောင်းကျန့်က သူ့အိပ်မက်ထဲက ကလေးလေးတစ်ယောက် အကြောင်းကို ပြောနေတာပဲဖြစ်သည်။ ရိပေါ်ကိုလည်း အရင်က ထက်တောင် ကပ်လာသေးသည်။
"ရိပေါ်..."
"ကလေးအကြောင်းဆို
ကျွန်တော့်ကို စဉ်းစားခွင့်ပေး
ချက်ချင်းလိုက်လျောဖို့ မဖြစ်နိုင်ဘူး""ဆိုဖာပေါ်မှာစဉ်းစား
စဉ်းစားလို့မရမချင်း
အခန်းထဲမလာနဲ့ သွား
အခုထွက်!""ရှောင်းကျန့်...ဟ"
ရှောင်းကျန့်က ရိပေါ်ကို တစ်ပတ်တိတိ ပစ်ထားနိုင်တာ ဖြစ်သည်။
ဒီလို ပြဿနာတက်ပြီး နောက်တော့ ရိပေါ် ဆိုဖာပေါ်မှာ အိပ်ရတာ တစ်ပတ်ပင် ပြည့်တော့မည်။ ရှောင်းကျန့်ဆိုသည့် အဆိုးလေးက နေနိုင်လွန်းသည်။ တစ်နေကုန်တောင် မျက်နှာလေးမြင်ရဖို့ မလွယ်။ ရိပေါ်အတွက်အစားအစာတွေကို ပြင်ပေးထားသော်လည်း မျက်နှာချင်းဆိုင်ချင်ပုံ မရ။
ရိပေါ်ကို ပစ်ထားရတာ ရှောင်းကျန့်အတွက် လွယ်ကူတာတော့မဟုတ်ပေ။ ဒါပေမဲ့လည်း သူလက်မလျှော့ချင်ပါ။
ရိပေါ် ကလေးလေးတစ်ယောက်ကို ငေးကြည့်နေခဲ့တာကို သူမြင်ခဲ့သည်။ ရိပေါ်က တစ်ခွန်းမှ မပြောပေမဲ့ သူ့စိတ်ထဲမှာ သိနေပါသည်။ ကလေးမွေးစားဖို့ ရှောင်းကျန့် စိတ်ကူးခဲ့ပေမဲ့ သူလိုချင်တာ ရိပေါ်နှင့် သူ၏ သွေးသားအရင်းအချာ။ ရှောင်းကျန့်နှင့် ရိပေါ်လက်ထပ်ခဲ့တာ တစ်နှစ်ကြာပြီ။ ရိပေါ်က ၂၅ နှစ်ထဲဝင်နေပြီဖြစ်ပြီး ရှောင်းကျန့်ကလည်း ၃၅ နှစ် ရှိတော့မည်။ အချိန်တွေအများကြီး မလွန်ခင်မှာ ရိပေါ်အတွက် ကလေးလေး တစ်ယောက်ကို ဘဝထဲ ခေါ်သွင်းပေးချင်တာပဲဖြစ်သည်။ နောက်တော့ သူညတိုင်းအိပ်မက်မက်နေခဲ့တာ ကလေးချီထားတဲ့ ရိပေါ်ရဲ့ ပုံစံကို။
YOU ARE READING
Aquarium, Aloe Vera and Alyssum (Completed)
Fanficအချစ်လို့ပြောရင် Aquarium Aloe Vera Alyssum လို့ပဲဖြေမယ်။ It's BJYX! Mature on! read at your own risk :D