Aquarium, Aloe Vera and Alyssum~14~

731 59 0
                                    

media pic: Sean's Business Card

~ ~ ~ ~

~Aquarium~

"ကိုကိုလေးမကြောက်နဲ့
သားသားရှိတယ်နော်"

ကျယ်ပြောလှတဲ့ AQUATIS - Aquarium - Vivarium Lausanne ထဲမှာ ၁၅နှစ်အရွယ် ကောင်လေးတစ်ယောက်ကို ၅ နှစ်အရွယ်ကောင်လေးက ဖက်ထားပေးတယ်။ ကလေးနှစ်ယောက်ဟာ လမ်းလွဲကာ မိဘတွေနှင့်ကွဲကွာသွားခြင်းဖြစ်တယ်။ မိသားစုမတော်စပ်ကြပါပဲ တစ်ယောက်ကိုတစ်ယောက်နှစ်သိမ့်နေကြသည်။

၁၅ နှစ်ကလေးဟာ ထို၅နှစ်ကောင်လေးရဲ့လက်ကိုဆွဲလို့ အကူအညီလိုက်ရှာသော်လည်း
Aquarium ဟာ ၁၅နှစ်သားကောင်လေးအတွက်တော့ ဝင်္ကပါ တစ်ခုလိုပါပဲ။ သန့်ရှင်းရေးstaff တစ်ယောက်တွန်းလာတဲ့ သန့်ရှင်းရေးပစ္စည်းတွေပါဝင်တဲ့တွန်းလှည်းတစ်စီး။ နောက်တော့ အမှောင်ထုတစ်ခု။

အဆုံးသတ်မရှိတဲ့ ထိုအိပ်မက်လေးကို ရှောင်းကျန့်မက် မက်နေတာ ရက်အနည်းကြာပြီ။ ဒီအဖြစ်အပျက်က သူငယ်ငယ်က Switzerland နိုင်ငံကို ရောက်ခဲ့တုန်းက အဖြစ်အပျက်လေးတစ်ခုပဲ။ မေ့ပျောက်ချိန်တိုင်းအမြဲ ပေါ်လာတတ်တာ။ ဒီအိပ်မက်ကို မက်တိုင်းမှာ ရှောင်းကျန့် Switzerland မှာရှိတဲ့ AQUATIS - Aquarium - Vivarium Lausanne ကို သွားဖို့ကိစ္စကသေချာလာတယ်။  ဒီအတိုင်း အမှတ်တရအပိုင်းအစလေးတစ်ခုကို သွားကြည့်ချင်ရုံလေး။ 

"ရှောင်း..."

အိပ်မက်ထဲမှာ ပျော်ဝင်နေပုံရတဲ့ ရှောင်းကျန့်က သူနှိုးတာကိုသဘောကျပုံမရ။ အရှေ့ကိုထော်လာတဲ့နှုတ်ခမ်းလေးကို ဝမ်ရိပေါ် အသည်းယားစွာဖိနမ်းပစ်လိုက်သည်။

"မွ"

"စောစောစီးစီး...ဝမ်ရိပေါ်  မင်း!"

ရှောင်းကျန့်တင်ပါးက မနက်ခင်းမှာ နိုးထနေတဲ့ အထုပ်အထည်တစ်ခုနဲ့ ပွတ်တိုက်မိသွားတယ်။ အနောက်က သိုင်းဖက်ထားရဲ့ ဝမ်ရိပေါ်ဆီက အသက်ရှူသံပြင်းပြင်းက ပခုံးကို လာထိတယ်။

"ဒီအတိုင်းပဲနေ ငြိမ်သွားလိမ့်မယ်"

ရှောင်းကျန့်မှာ လှုပ်တောင်မလှုပ်ရဲတော့ဘူး။ ရှောင်းကျန့်ပခုံးကိုခဲထားရင်း ရိပေါ်က သူ့ပစ္စည်းကို ရှောင်းကျန့်တင်ပါးနဲ့ ဖိကပ်ပွတ်သပ်နေတယ်။ 

Aquarium, Aloe Vera and Alyssum (Completed)Where stories live. Discover now