I miss Tracer 85 🥺💚
⁘ ⁘ ⁘ ⁘
"ရှောင်းကျန့်"
အတွေးလွန်နေရာကနေ အသိပြန်ဝင်လာပုံရတဲ့ လူကြီးလေးက သူ့ကို ခပ်လျော့လျော့လေးပြုံးပြလာတယ်။ ရိပေါ်ရဲ့ ပခုံးပေါ်မှာ မျက်နှာအပ်ရင်း ရှိုက်ငိုလာပြန်တော့ ရိပေါ်မှာ ဘာလုပ်လို့ဘာကိုင်ရမယ်မသိ။ သူ့ချစ်သူလေးက သိပ်ကို အထိအရှလွယ်လွန်းနေတယ်။ အကြောင်အရင်းကို သူ့မှာ မေးမြန်း၍လည်းမရ။
"ကျွန်တော့်ကိုပြောပြလေ
ရှောင်းကျန့်ခံစားနေရတာတွေကို
ကျွန်တော့်ကိုပြောပြလို့ရပါတယ်"ရှောင်းကျန့်ရဲ့ကျောပြင်လေးကို ဖွဖွလေးပွတ်ပေးရင်း ကလေးချော့သလိုပြောလိုက်မိတယ်။
"ငါ ကြောက်တယ်
မင်းကိုဆုံးရှုံးရမှာကို""ကျွန်တော်ကရှောင်းကျန့်နားမှာ
အမြဲရှိနေမှာပါ""မင်းအဖေက
ငါတို့ဆက်ဆံရေးကိုသိတယ်"ဒီစကားကိုပြောပြီးနောက် ရှောင်းကျန့်ဆီက စကားထပ်ထွက်မလာတော့သလို ရိပေါ်မှာလဲ ပြန်ပြောစရာစကားလုံးရှာမတွေ့တာကြောင့် သူတို့နှစ်ယောက်ကြားမှာ တိတ်ဆိတ်မှုတစ်ရပ်သာ ကြီးစိုးသွားရတော့တယ်။ ရိပေါ်ရဲ့ အင်္ကျီပေါ်မှာ ရှောင်းကျန့်ရဲ့မျက်ရည်ကွက်တွေချည်းပါပဲ။
ရှောင်းကျန့်ရဲ့မျက်နှာလေးကို ရိပေါ်ပင့်တင်လိုက်မိတယ်။ မျက်ရည်စတွေနဲ့ ရှောင်းကျန့်က ငိုနေသည့်တိုင်အောင် ချောမောမှုလေးကမပျောက်ပျက်သွားပါဘူး။
"ကျွန်တော်တို့
အတူရင်ဆိုင်ကြမယ်လေ""သူက ဟွားလျှို့နဲ့မင်းကို
လက်ထပ်စေချင်တယ်
တစ်ကယ်က စီးပွားရေးကို
ဆက်စပ်ပြီးလုပ်ချင်နေတာ""အဲ့ဒါကြီးကခေတ်ဟောင်းနေပြီ"
ရှောင်းကျန့်ကရယ်လိုက်တယ်။ ဟုတ်တော့ဟုတ်ပါရဲ့ ခေတ်ဟောင်းနေပြီ။ ဒါပေမယ့် ဒါကလည်း စီးပွားရေးလောကရဲ့ ပြိုင်ဆိုင်မှုထဲကတစ်ခုပဲ။ အကာအကွယ်ယူတယ်လို့လဲ ခေါ်တာပေါ့။ တစ်ယောက်တည်းရပ်တည်တာထက် အကာအကွယ်နဲ့ရပ်တည်တာက ပိုကောင်းတယ်လေ။
YOU ARE READING
Aquarium, Aloe Vera and Alyssum (Completed)
Fanfictionအချစ်လို့ပြောရင် Aquarium Aloe Vera Alyssum လို့ပဲဖြေမယ်။ It's BJYX! Mature on! read at your own risk :D