Scroll down for Zawgyi thank you.
~ ~ ~ ~
~Alyssum~
"အဟက် ... တရားမျှတမှုကို
မယုံကြည်တာနဲ့ ကိုယ်တိုင်ပဲ
ကလဲ့စားချေလိုက်တာပေါ့
ကျုပ်ပြောတာ မှန်ရဲ့လား Mr. Wang"ရှောင်းကျန့်ရဲ့ လှောင်ရယ်သံက အနည်းငယ်တော့ ဝမ်းနည်းပူဆွေးနေဟန်ရှိတယ်။ Mr. Wang ဟာ အဆိုးဆုံးအရာများကို ကြိုတင်တွေးထားခဲ့ပြီးဖြစ်တယ်။ ရှောင်းကျန့်ဟာ ထိုသက်သေကိုရဲလက်အပ်မယ် တရားဥပဒေအတိုင်းလိုက်နာမယ် ဒါမှမဟုတ် ဝမ်ရိပေါ်ကိုအသိပေးကာ သားအဖနှစ်ယောက်ရဲ့ဆက်ဆံရေးကိုဖြတ်တောက်မယ်။ သို့သော်ငြား ရှောင်းကျန့်၏ လုပ်ရပ်သည် ထိုကဲ့သို့မဟုတ်ခဲ့။ Mr. Wang ကို သီးသန့်ဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့သည်။
"ဒီမှာလူငယ်လေး
ဘာအကွက်တွေရွှေ့ဖို့
ကြံစည်နေလဲမသိပေမယ့်
ဒီက အဘိုးကြီးကို
သတ်ဖို့ကြံထားတာဆိုရင်တော့
မလွယ်ကူလောက်ဘူးနော်"'လူငယ်လေး' ဆိုသည့်အသုံးအနှုန်း က ဝမ်ရိပေါ်အတွက်သာ ရှောင်းကျန့်ရည်ရွယ်ထားသည့်နာမ်စား။
Mr. Wang ကို ရှောင်းကျန့် ခပ်ထေ့ထေ့လေးပြုံးပြလိုက်တယ်။"ကျုပ်လက်က
ခင်ဗျားသားပိုင်တဲ့လက်လှလှလေးလေဗျ
သွေးစွန်းမခံနိုင်ပါဘူး"စကားစစ်ထိုးရတာကပျင်းဖို့ကောင်းလွန်းပါတယ်။ ဝမ်ရိပေါ်ရဲ့ အချစ်စကားတွေလောက်တောင် ရင်ခုန်ဖို့ကောင်းမနေဘူး။
"ဘာတွေများဆွေးနွေးချင်တာလဲ
ဒီအဘိုးကြီးက နားထောင်ချင်လွန်းလှပြီ""အင်း ... ခင်ဗျားရဲ့ ဝမ်းနည်းစရာ
ပုံပြင်ကိုကျုပ်သိပါတယ်
ကျုပ်အစ်ကိုရဲ့အမှားကိုရောပဲ
ဒါပေမယ့် ခင်ဗျားကလဲ
စင်းလုံးချောမှန်တဲ့သူမဟုတ်ဘူးဗျ"ရှောင်းကျန့်ရဲ့နှုတ်ခမ်းမှာတော့ အပြုံးလှလှတစ်ပွင့်ကရှိနေဆဲပဲ။ သို့ပေမယ့် မျက်ဝန်းလှလှတွေကတော့ ရီဝေဝေနှင့် လွမ်းဆွေးစရာပင်ကောင်းလှသည်။ ဝမ်ရိပေါ် မျက်စိစုံမှိတ်ချစ်မိသွားတာမထူးဆန်းပါဘူး။
"ကျုပ်အစ်ကိုက ခင်ဗျားရင်သွေးလေးရဲ့
အသက်တစ်ချောင်းကိုနုတ်ယူမိခဲ့ပေမယ့်...
ခင်ဗျားကတော့ ကျုပ်မရီးရဲ့အသက်ကို
ယူသွားခဲ့ပြီး အသက်နှစ်ချောင်း နုတ်ယူပစ်တယ်
ကျုပ်အစ်ကိုသာ...အချိန်မှီဆေးရုံလိုက်မပို့ခဲ့ရင်
ခင်ဗျားဇနီးလဲ သေရွာမှာ ရောက်နေလောက်မှာနော်
မိသားစုဝင်တစ်ယောက်
ဆုံးရှုံးတာကိုအတွေ့အကြုံရှိဖူးတဲ့
ခင်ဗျားက ၁၆ နှစ်အရွယ်
ကောင်မလေးကိုတော့
မိဘနှစ်ပါးလုံးမရှိအောင်လုပ်ခဲ့တာပဲ"
YOU ARE READING
Aquarium, Aloe Vera and Alyssum (Completed)
Fanficအချစ်လို့ပြောရင် Aquarium Aloe Vera Alyssum လို့ပဲဖြေမယ်။ It's BJYX! Mature on! read at your own risk :D