Aquarium, Aloe Vera and Alyssum~30~

658 45 10
                                    

Fall in love with Zhan's butt :d

Scroll down for Zawgyi thank youuu<33

~ ~ ~ ~

ခါးရိုးတစ်လျှောက် ရင်းနှီးနေတဲ့ နာကျင်မှုက ရှောင်းကျန့်ကို ဝေခွဲမရဖြစ်စေသည်။ မနေ့ညကအဖြစ်အပျက်တွေက ဖြည်းဖြည်းချင်း ခေါင်းထဲဝင်လာတော့ အိပ်ချင်နေသေးသည့်စိတ်တွေက ကြက်ပျောက်ငှက်ပျောက်။

"ထပ်အိပ်ဦးလေ..."

ရိပေါ် ရှောင်းကျန့်ကို အိပ်ရာပေါ်ပြန်လှဲစေရင်း ဖက်ထားလိုက်သည်။ ရှောင်းကျန့်တစ်ကိုယ်လုံးကို သိမ်းကြုံးဖက်ထားရတာကိုက သဘောကျစရာအချိန်လေးပင်။

"ရှောင်းကျန့်ကိုမေးချင်လို့"

"အမ်...မေးလေ"

"ညကပြောသွားတဲ့ ရှောင်းကျန့်ကိုယ်ကို
ထိဖို့ကြိုးစားကြတာတော်လောက်ပြီဆိုတာလေ
ဘယ်သူတွေက ကျွန်တော့်ချစ်သူလေးကို
ထိချင်နေလို့လဲဗျ..."

"အမူးသမားရဲ့စကားကို
အတည်မယူနဲ့လေ"

"ရှောင်းကျန့်ရဲ့ Kimber က
ကျည်တစ်တောင့်လျော့နေတယ်ဗျ
ကျွန်‌တော်မတိုင်ခင် ဘယ်သူ့ကို
ပစ်သတ်ခဲ့သေးလဲ"

"အင်း...ကိုယ့်ကိုထိဖို့လုပ်တဲ့
တဏှာရူးတစ်ယောက်ကိုသတ်ခဲ့တယ်"

ရှောင်းကျန့်က ဘာမှမဖြစ်သလို ပြောသွားတာလို့ ထင်ရပေမဲ့ ရိပေါ်ရဲ့ ရင်ခွင်ကျယ်ကျယ်မှာတော့ သူ့မျက်နှာကို ဖွက်ထားခဲ့တယ်။ မျက်နှာချင်းဆိုင်ဖို့ အင်းအားတွေ ယုတ်လျော့သွားသလိုလဲ ခံစားရတယ်။

"ဘာမှမဖြစ်ပါဘူး...သေသင့်တဲ့လူတွေက
သေသွားလဲနားအေးတာပါပဲ"

"ကျွန်တော်လဲလူတစ်ယောက်ကို
သတ်ခဲ့တယ်...သူက ‌ရှောင်းကျန့်ကို
အန္တရာယ်ပေးဖို့ကြိုးစားနေလို့..."

"ကျွန်တော်လဲ လူကောင်းမဟုတ်ပါဘူး
ရှောင်းကျန့်ကလဲ လူဆိုးမဖြစ်သွားပါဘူး"

ရှောင်းကျန့်က သူ့ကိုအံ့ဩနေတဲ့ မျက်ဝန်းလေးတွေနဲ့ ကြည့်လာတယ်။ သူတို့နှစ်ယောက်က တစ်ယောက်လုပ်ထားတဲ့ ပြစ်မှုကို တစ်ယောက်ဆီမှာ ဝန်ခံနေကြသလိုပဲ။ အပြင်ကိုပေါက်ကြားမှာလဲ စိတ်မပူကြဘူး။

Aquarium, Aloe Vera and Alyssum (Completed)Where stories live. Discover now