Aquarium, Aloe Vera and Alyssum~20~

632 50 4
                                    

Scroll down for Zawgyi thank you.

~ ~ ~ ~

"သားမှာ ပြောစရာရှိတယ်ဆို"

"သားနဲ့ရှောင်းကျန့်ရဲ့ဆက်ဆံရေးကို
အဖေသိတယ်ဆိုလို့..."

"ဘယ်သူနဲ့ဖြစ်ဖြစ်လက်ခံနိုင်တယ်
ရှောင်းကျန့်နဲ့တော့ မရဘူး"

"ဘာလို့လဲ..."

ဝမ်ရိပေါ်ရဲ့ အဖေ Mr. Wang က သက်ပြင်းချတယ်။ သူ့သားကို ဒီအကြောင်းပြောပြဖို့ တစ်ဘဝစာလုံးပြင်ဆင်ခဲ့ပေမယ့် လက်တွေ့ကြုံလာရတော့ ပြောရမှာခက်ခဲနေပြန်ရော။

"သားမမွေးခင်မှာ...
သားအမေဗိုက်ထဲ
ကလေးလေးတစ်ယောက်ရှိခဲ့တယ်"

ခက်ခဲတဲ့ဆုံးဖြတ်ချက်ချပြီးနောက်တော့ Mr. Wang က ပြောလာခဲ့ပါတော့တယ်။ Extreme sport အတွက် ကုန်ပစ္စည်းတွေထုတ်လုပ်တဲ့ Decagon company ကို မပိုင်ဆိုင်ခင်က Mr. & Mrs. Wang တို့ဟာ သာမန် ကြင်စဦး ဇနီးမောင်နှံလေးနှစ်ယောက်ပါပဲ။ 

Mr. Wang ကတော့ Decagon company ရဲ့ ထုတ်လုပ်ရေးပိုင်းက ဌာနမှူး၊ Mrs. Wang  ကတော့ ဝါသနာပါတဲ့ ပန်း‌‌စိုက်ပျိုးရေးကိုလုပ်ပြီး ပန်းဆိုင်လေးဖွင့်ထားတယ်။ ဇနီးမောင်နှံ နှစ်ယောက်မှာ ဘာအပူအပင်မှမရှိခဲ့ဘူး။ နောက်တော့ ကလေးလေးတစ်ယောက် ဝမ်မိသားစု ဆီရောက်လာခဲ့တယ်။ မျှော်လင့်ချက် ရောင်ခြည်တွေအပြည့်နဲ့ မိသားစုလေးဆီကို မုန်တိုင်းတစ်ခုဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့တော့တယ်။

Decagon company ဟာ ရှယ်ယာတွေအရှုံးပေါ်နေခဲ့တယ်။ ရောင်းအားတွေလဲကျဆင်းနေခဲ့လို့ Mr. Wang မှာ နေ့မနား ညမနား အလုပ်ဆင်းရတယ်။ ကိုယ်ဝန်သည် ဇနီးကို အနီးကပ်ဂရုစိုက်ချိန်မရဘူး။ Mrs. Wang ဗိုက်ထဲက ကလေးလေးက ၈ လပြည့်လို့ ၉ လ ထဲရောက်လာခဲ့ပြီ။ 

ဒါပေမယ့် Wang မိသားစုလေးဟာ အဖြစ်ဆိုးတစ်ခုကို မမျှော်လင့်ပဲ ကြုံလာရတော့တယ်။ အဖြစ်ဆိုးတွေကြုံချိန်တိုင်း မိုးတွေဟာသည်းကြီးမဲကြီးရွာတတ်လေရဲ့။ 

ထိုနေ့ညက Mr. Wang အချိန်ပိုဆင်းနေရချိန်၊ Mrs. Wang ရဲ့ ဗိုက်ထဲက ကလေးလေးက လှုပ်ခတ်လာခဲ့တယ်။ သမီးမိန်းကလေးမို့ စောမွေးမယ်လို့ ဆရာဝန်တွေကပြောထားတာကြောင့် Mrs. Wang တစ်ယောက် အထူးစိုးရိမ်သွားခဲ့တယ်။ ယောက်ျားဖြစ်သူကို ဖုန်းဆက်ပြီး သူကတော့ ဆေးရုံသွားဖို့လုပ်ရပါတော့တယ်။

Aquarium, Aloe Vera and Alyssum (Completed)Where stories live. Discover now