media pic - Alyssum in flower pot
scroll down for Zawgyi thank you.
~ ~ ~ ~
~Alyssum~
ခါးပေါ်ကတင်းတင်းကြပ်ကြပ်ဖက်ခံထားရမှုနဲ့အတူတူ နိုးထလာရတဲ့မနက်ခင်းက ထင်သလောက်စိတ်မကြည်မနေပါ။ ခါးရိုးတစ်လျှောက် စူးအောင့်သွားတာမို့ ရှောင်းကျန့်မျက်နှာကိုမဲ့လိုက်မိသည်။ သူ့ကိုယ်ကသန့်ရှင်းနေတယ်။ ဒါပေမယ့် ကားပေါ်က wet tissue တစ်ထုတ်ကတော့ ကုန်သွားပြီ။ ရိပေါ်ကသန့်ရှင်းပေးထားပုံပါပဲ။ ဒီလိုတွေးမိပြန်တော့လည်းရှက်မိသား။
"တောင်းပန်ပါတယ်..."
ဘယ်အချိန်ကတည်းကနိုးနေမှန်း မသိတဲ့ ဝမ်ရိပေါ်က သူ့ကို အစမရှိအဆုံးမရှိ တောင်းပန်စကားပြောလာတယ်။ ရှောင်းကျန့်ကိုယ်ပေါ်မှာ မနေ့ကဝတ်လာတဲ့ ကုတ်အရှည်တစ်ထည်သာ လွှမ်းခြုံပေးထားခြင်းခံရတယ်။ ရိပေါ်ကတော့ ဘယ်အချိန်မှာ အဝတ်ကိုအကောင်းအတိုင်းပြန်ဝတ်ထားလဲ မသိ။
"ကိုယ့်ကိုမတောင်းပန်ရပါဘူး
ဒါကနှစ်ယောက်လုံးလိုချင်လို့
ဖြစ်ခဲ့ကြတာပဲ..."
"ရှောင်းကျန့်ခါးနာသွားရလို့လေ..."
"ရား...ရိပေါ်...
ပုံမှန်အချိန်မှာအဲ့စကားတွေမပြောနဲ့"
"ကျွန်တော် အပြင်ထွက်ပေးမယ်
ရှောင်းကျန့်အဝတ်ပြန်ဝတ်လိုက်နော်
အခုလိုပဲမြင်နေရရင်
ကျွန်တော်ထိန်းနိုင်မှာမဟုတ်ဘူး"
ဒီစကားကိုပြောတဲ့ ရိပေါ်ရဲ့မျက်နှာထားကိုကြည့်ရင်း ရှောင်းကျန့်မှာမျက်နှာပူရတာတအားပဲ။ ရိပေါ်ကတော့ အဆင်ပြေနေပေမယ့် သူကတော့အဆင်ပြေမနေပါ။
ရှောင်းကျန့်အတွက် အဝတ်တွေပြန်ဝတ်ရတာသိပ်မခက်ခဲပါဘူး။ ဒါပေမယ့် အသက်၃၃နှစ်ရှိပြီဖြစ်တဲ့ ခါးရိုးအိုလေးကတော့ ခံနိုင်ရည်ရှိပုံမပေါ်ဘူး။ ဖရိုဖရဲပုံစံနဲ့ ကားအပြင်ထွက်လာတဲ့သူ့ကို ရိပေါ်ကကြည့်ပြီး ရယ်ချင်တာကိုထိန်းထားရပုံပါပဲ။
ရိပေါ်အသက်ရှူမမှားအောင် မနည်းထိန်းထားရတယ်။ ရှောင်းကျန့်ကဘယ်လိုပုံစံလေးပဲဖြစ်ပါစေ သူ့ကိုစွဲဆောင်နိုင်တာပါပဲ။
YOU ARE READING
Aquarium, Aloe Vera and Alyssum (Completed)
Fanfictionအချစ်လို့ပြောရင် Aquarium Aloe Vera Alyssum လို့ပဲဖြေမယ်။ It's BJYX! Mature on! read at your own risk :D