Aquarium, Aloe Vera and Alyssum~33~

629 39 4
                                    

Above pic: How Wang holds his pistol. 

Imagine Wang is holding the pistol and staring at you  >_<

Pic crd : Hitman

Scroll down for Zawgyi thank youuu<33

~ ~ ~ ~

~ရှောင်းကျန့်က ဝမ်ရိပေါ်တစ်ယောက်သာ နားလည်ပြီးတွက်ချက်နိုင်တဲ့ ပုစ္ဆာလေးတစ်ပုဒ်ဖြစ်တယ်။

ဝမ်ရိပေါ်ကတော့ ရှောင်းကျန့် နာခံလိုက်နာမဲ့ တစ်ခုတည်းသော ဥပဒေလေးပဲ ဖြစ်တယ်။~

ရှောင်းကျန့်က ထွက်သွားဖို့ ပြင်ဆင်နေခဲ့တယ်ဆိုတာကို Switzerland ကိုပြန်သွားတဲ့ Timeo ကလွဲရင် ဘယ်သူမှ မသိခဲ့ဘူး။ Timeo သိသွားတယ်ဆိုတာလဲ သူ့မိဘတွေက ပြောပြလို့။ ရှောင်းကျန့်က ဟွားလျှို့ကို လုပ်ငန်းစုလွှဲပြောင်းပေးဖို့ လုပ်ထုံးလုပ်နည်းတွေ အကုန်ပြီးသွားရင် Switzerland မှာ လာနေတော့မှာတဲ့လေ။ 

"ပင်မှည့်သီး" က အရင်ကတည်းက ရှောင်းကျန့်ပိုင်ဆိုင်မှု မဟုတ်ပါဘူး။ အိမ်တော်ရဲ့ဆက်ခံသူဟာ ရှောင်းကျန့်ရဲ့ အစ်ကိုဖြစ်သူသာ ဖြစ်တယ်။ ရှောင်းကျန့်က Graphic Designer အဖြစ်နဲ့ Switzerland မှာပဲ နေခဲ့တာ။ 

ရှောင်းကျန့်က အမေဖြစ်သူရဲ့ နှစ်ပတ်လည်မှသာ တရုတ်ပြည်ကို ပြန်လာလေ့ရှိတယ်။ ဒါကြောင့် ရှောင်းကျန့်နဲ့ ပတ်သက်တဲ့ ဒေတာတွေ တရုတ်ပြည်မှာ အများကြီး မရှိလေဘူး။ ‌ဘွဲ့ရပြီးနောက်ပိုင်း ဒေတာတွေ မရှိတော့တာလို့ ပြောရင်တော့ ပိုမှန်မယ်။

မထင်မှတ်ထားတာတွေဖြစ်သွားခဲ့ပြီး စီးပွားရေးလောက ထဲ ရှောင်းကျန့် ရောက်လာခဲ့တာပဲဖြစ်တယ်။ လော့အိမ်တော်နဲ့ Timeo ရဲ့ မိဘတွေဖြစ်တဲ့ Mr. Keller နဲ့ Mrs. Keller သာ မရှိခဲ့ရင် ဒီလောကထဲကို စဝင်ကတည်းက သူကျရှုံးသွားခဲ့မှာ။ ဒီ "ပင်မှည့်သီး Travel Agency" က သူ့အပိုင်မဟုတ်ပါဘူး။ အစ်ကိုဖြစ်သူရဲ့ ပိုင်ဆိုင်မှု အချိန်တန်ရင် ဟွားလျှို့ဆီ လွှဲပြောင်းပေးရမဲ့ လုပ်ငန်းတစ်ခုပဲ။ ဒါပေမဲ့ ဒီလုပ်ငန်းအပေါ် သူငယ်စဉ်ကတည်းက သံယောဇဉ်ရှိတယ်။ သံယောဇဉ်ရှိသည့်တိုင်အောင် သူလိုချင်တပ်မက်နေတာမျိုးမရှိပါဘူး။

Keller အိမ်တော်က Switzerland ရဲ့ ဂုဏ်သရေရှိ အိမ်တော်တွေထဲက တစ်ခုပဲဖြစ်တယ်။ Timeo တရုတ်ပြည်ကိုရောက်လာတယ် ဆိုတာ အဲ့ဒီအိမ်တော်တွေရဲ့ ဂုဏ်ကျက်သရေ ပြိုင်ဆိုင်မှုတွေဆီကနေ ‌ဝေးဝေးထွက်ပြေးချင်လို့ ရောက်လာခဲ့တာပဲဖြစ်တယ်။ 

Aquarium, Aloe Vera and Alyssum (Completed)Where stories live. Discover now