I'm addicted to that pic T v T.
scroll down for Zawgyi thank you.
~ ~ ~ ~
Aquarium
"ကျွန်တော်က Tracer 85 ရဲ့
ပရိတ်သတ်တစ်ယောက်လေဗျ...
ရိပေါ်နဲ့လဲ ကောင်းမွန်တဲ့ဆက်ဆံရေးရှိပါတယ်""ရှောင်းလောင်ရှီးက
တစ်ကယ်သဘောကောင်းတဲ့လူတစ်ယောက်ပါ
အရမ်းလဲချောတယ်""Wow!"
Fan တွေက ဝိုင်းအော်ကြတော့ ရှောင်းကျန့်မျက်နှာ ဘယ်နားသွားထားရမယ်မှန်းမသိတော့ဘူး။ ဝမ်ရိပေါ်မှာ ဆုယူရမဲ့ကိစ္စတွေ၊ sign ကိစ္စတွေ နဲ့ ရိုက်ကူးရေးလည်း ရှိသေးတဲ့အတွက် ရှောင်းကျန့်က တခြားလုပ်ငန်းရှင်တွေနဲ့ စကားပြောဖို့ ရှောင်ထွက်ပေးသွားတယ်။ ဆုယူတာကို အနီးကပ်မရှိပေးနိုင်တော့ ရှောင်းကျန့်သိမ်ငယ်မိသား။ တစ်ယောက်နဲ့ တစ်ယောက် အဆင့်တွေ ကျော်လွန်ခဲ့ပြီးပေမယ့် တရားဝင်သက်ဆိုင်နေကြတာမှ မဟုတ်တာ။ လူသိမခံနိုင်တဲ့ ဆက်ဆံရေး တစ်ခုပဲလေ။
Decagon company ရဲ့ ပိုင်ရှင်က ဝမ်ရိပေါ်ရဲ့ အဖေဆိုတော့ ရှောင်းကျန့်တစ်ယောက်မလုံသလိုဖြစ်နေရတယ်။ ဘာကိုမှ မကြောက်တတ်တဲ့ သူဆိုပေမယ့်လည်း ရိပေါ်ကိုထိခိုက်သွားမှာတော့ သူကြောက်တယ်လေ။
"Sean ရဲ့ တူမလေးကလဲ
ရိပေါ်နဲ့ တက္ကသိုလ်အတူတူပဲဆို""အာ...ဟုတ်ပါတယ်"
Mr. Wang ရဲ့စကားလမ်းကြောင်းက တူမလေးဆီသန်းနေတာကိုတော့ ရှောင်းကျန့် သဘောမကျလှဘူး။ ဒါပေမယ့် သူက လက်ရှိမှာ ထငြင်းနိုင်မဲ့ လူစားမျိုး မဟုတ်ဘူးလေ။ ဝမ်ရိပေါ်ရဲ့ တောင်းဆိုချက်ကြောင့်သာ သူ ဆိုင်ကယ်ပြိုင်ပွဲကိုလိုက်လာရတယ်။
"ကျွန်တော် ပြိုင်ပွဲအနိုင်ရချိန်မှာ ကျန့်ကောကိုရှိစေချင်လို့" ဆိုတဲ့စကားတစ်ခွန်းနဲ့ သူအရာအားလုံးကို ရင်းပေးလိုက်တယ်ဆိုရင် နည်းနည်းများ မိုက်ရူးရဲဆန်သွားမလား။ လူတွေရဲ့အမြင်ကိုဂရုမစိုက်ပါပဲ ဒီလုပ်ရပ်ကိုသူလုပ်ခဲ့ပြီလေ။
"Sean က အုပ်ထိန်းသူဆိုတော့
အခုလိုပြောရလို့လဲ အားနာပါရဲ့
Sean တူမလေးနဲ့
ရိပေါ်ကိုသဘောတူချင်တယ်"
YOU ARE READING
Aquarium, Aloe Vera and Alyssum (Completed)
Hayran Kurguအချစ်လို့ပြောရင် Aquarium Aloe Vera Alyssum လို့ပဲဖြေမယ်။ It's BJYX! Mature on! read at your own risk :D