Aquarium, Aloe Vera and Alyssum~11~

882 69 0
                                    

Media pic - Alyssum, Carpet of snow

scroll down for Zawgyi thank you

~ ~ ~ ~

~Aloe Vera~

ချစ်သူအလာကိုမျှော်ကာရယ် ရှားစောင်းပင်တွေပျိုးပါ့မယ်...

ရှားစောင်းလက်ပတ်အိုးတွေနဲ့ ရှောင်းကျန့်တစ်ယောက်အလုပ်ရှုပ်နေသည်။ လေတစ်ချက်ဝှေ့လိုက်တိုင်း ရှောင်းကျန့်ရဲ့မျက်နှာမှာ အပြုံးလေးပေါ်လာတတ်သည်။ အေးစိမ့်စိမ့်လေတွေက သူ့ကိုစိတ်ကြည်စေသည်။ Sat/Sun ဆိုရင် သူ့ဘဝကငြိမ်းချမ်းရေးရသွားတဲ့နိုင်ငံလိုပဲ။ ကုမ္ပဏီကိစ္စ အရေးတကြီးရှိမှသာ အလုပ်ရှုပ်ခြင်းဖြစ်သည်။ 

"ရှောင်းကျန့်..."

ရှောင်းကျန့်ရဲ့ငြိမ်ချမ်းတဲ့နိုင်ငံထဲကို  ကျူးကျော်ဝင်ရောက်လာသူက ဝမ်ရိပေါ်။ ‌ရှောင်းကျန့်အိမ်ကို တံခါးမရှိ ဓားမရှိဝင်ထွက်နိုင်သည့်လူသည် ဝမ်ရိပေါ်တစ်ယောက်တည်းသာ။ ရှောင်းဟွားလျှို့တောင်မှ အိမ်လာလည်ချင်ရင် ခွင့်တောင်းရသေးတာ။

ဝမ်ရိပေါ်ရဲ့အသံကို ရှောင်းကျန့်မကြားဟန်ပြုရင်း ပန်းအိုးတွေကို နေရာညှိနေလိုက်သည်။

"ရှောင်းကျန့်နဲ့...

တစ်နေရာကိုသွားချင်လို့" 

"ဒီနေ့ပိတ်ရက်မို့ 

အိမ်မှာပဲနားမှာ..."

ဝမ်ရိပေါ် နီးကပ်လာလေ ရှောင်းကျန့်ရင်ခုန်လေပဲ။ 

"ချစ်သူလေးက 

ကျွန်တော့်ကိုမျက်နှာသာမပေးချင်ဘူးပေါ့"

"ပေါက်ကရစကားတွေမပြောပါနဲ့လား..."

"ကျွန်တော်နဲ့လိုက်ခဲ့မယ်မလား...

ဆိုင်ကယ်နဲ့မဟုတ်ပဲ...

ရှောင်းကျန့်ရဲ့ကားနဲ့ပဲသွားမှာပါ"

ဝမ်ရိပေါ်ရဲ့အပြုအမူက လက်မခံရင်ပဲတစ်ခုခုထလုပ်တော့မယ့်ပုံစံ။ သူကငြင်းနိုင်မှာတဲ့လား။

"ကျောင်းပိတ်ရက်ဆိုတော့

ဟွားလျှို့လာလိမ့်မယ်ထင်တယ်"

"ရှောင်းကျန့်ရာ..."

အိမ်အဝင်တံခါးနားမှာထိုင်နေတဲ့ရှောင်းကျန့်ကို ဝမ်ရိပေါ်ဖက်လိုက်ရင်းပြောမိသည်။ ရှောင်းကျန့်ကရယ်တယ်။ 

Aquarium, Aloe Vera and Alyssum (Completed)Where stories live. Discover now