Xiao Zhan's outfit
scroll down for Zawgyi thank you.
~ ~ ~ ~
Aquarium
Aquariumဆိုတာ ငါးကန်ပေါ့။ ဘာမှထွေထွေထူးထူးတော့မရှိပါဘူး။ ဒါပေမယ့် Aquarium and Public Aquariumဆိုပြီးတော့ နှစ်မျိုးနှစ်စားရှိတယ်။ သာမန်ငါးကန်ကတော့ အိမ်မှာငါးတွေကိုအလှမွေးတာပေါ့။
Public Aquariumဆိုတာကတော့ ငါးပြတိုက်လို့ပြောရမှာပဲ။ ငါးအမျိုးအစားတွေစုံလင်အောင်လေ့လာချင်ရင် ငါးပြတိုက်တွေကိုသွားနိုင်တယ်။ Public Aquarium ထဲကငါးတွေရော အလှမွေးငါးကန်ထဲက ငါးတွေရော သနားဖို့ကောင်းပါတယ်။
"ဦးလေးရဲ့ငါးကလှလိုက်တာ"
"စိတ်ကြိုက်ရွေးလာတာ...
အများကြီးလဲမမွေးချင်တာနဲ့
တစ်ကောင်ပဲဝယ်လာလိုက်တော့တယ်"
လောကကြီးထဲကလူတွေလိုပဲ။ ကံကြမ္မာဆိုတဲ့ ငါးကန်ကြီးထဲမယ် ကူးခတ် လှုပ်ရှား နေကြသူတွေပေါ့။ တစ်ခုတော့ကွာခြားသွားမှာပေါ့။ အင်အားကြီးတဲ့ငါးတွေက သက်သက်စီအခွဲခံထားရတာမို့လို့ အင်အားနည်းတဲ့ငါးတွေကို လိုက်မကိုက်နိုင်တော့ဘူး။ လူ့လောကဆိုတဲ့ကန်ကြီးကတော့ တစ်ယောက်နဲ့တစ်ယောက်ထိုးချကြမယ် အင်းအားကြီးသူကအနိုင်ကျင့်မယ် အားနည်းတဲ့သူကတော့ခံရမယ်။
ရှောင်းကျန့်ကို လူတိုင်းကထင်ကြတယ် ပူပန်မှုမရှိတဲ့မိုးပေါ်က နတ်သားလေးတစ်ယောက်လို့။ တစ်ကယ်တော့မဟုတ်ပါဘူး အမြဲပူပန်နေရတာပါပဲ။ ဟွားလျှို့လက်ထဲလုပ်ငန်းကိုမအပ်ခင်မှာ ပြင်ဆင်ရတာတွေအများကြီးပါ။ ပေါ့ပေါ့ပါးပါးနဲ့ သွက်လက်နေတတ်တဲ့ ဟွားလျှို့ရဲ့လက်ထဲကို လုပ်ငန်းကိုမထည့်ပေးချင်တာမဟုတ်ဘဲ အသက်ငယ်သေးတဲ့ သူ့တူမလေးကိုဝန်ပိစေမှာ စိုးရိမ်တာပါ။ တစ်ခါတလေတော့လည်း ဟွားလျှို့ဆိုတဲ့ ကောင်မလေးကို ရင့်ကျက်စေချင်ပါတယ်။
"ဦးလေးကအိမ်မပြန်လာတော့ဘူးလား"
"ဒီအိမ်က ကိုယ့်အိမ်ပဲလေ...
ဟွားလျှို့လာလည်ချင်
အချိန်မရွေးလာလို့ရနေတာပဲကို"
YOU ARE READING
Aquarium, Aloe Vera and Alyssum (Completed)
Fanfictionအချစ်လို့ပြောရင် Aquarium Aloe Vera Alyssum လို့ပဲဖြေမယ်။ It's BJYX! Mature on! read at your own risk :D