Aquarium, Aloe Vera and Alyssum~29~

634 46 6
                                    

Scroll down for Zawgyi thank you<33

 ~ ~ ~ ~

Alyssum

Anonymous Turtles Bar က ရှောင်းကျန့်ပိုင်နက်ထဲက Bar တစ်ခုပဲ။ Travel Agency ရဲ့ပိုင်ဆိုင်မှုအောက်မှာမဟုတ်ဘဲ ဒီ Bar က ရှောင်းကျန့်ရဲ့ ကိုယ်ပိုင် Bar လိုမျိုးပါ။ ရှောင်းကျန့်က သူ့ရဲ့အန္တရာယ်ကို သူကာကွယ်နိုင်ဖို့ ဒီ Bar ကိုပဲ လာ‌လေ့ရှိတာ။ 

"Sean တအားမူးနေပြီ"

Timeo က သတိပေးစကားဆိုတယ်။ ရှောင်းကျန့်က သောက်နိုင်တဲ့ထဲပါပေမဲ့ limit ဆိုတာရှိသေးတယ်။

"ကိုယ် မ မူး ဘူး"

တစ်လုံးချင်း ပီသအောင် ပြောလာပုံက တစ်ကယ် မမူးသေးကြောင်း သက်သေပြလိုသည့်ဟန်။ ဘာအတွက်ကြောင့် ဒီလောက်သောက်နေရလဲ သူမသိပေမဲ့ ဒီရက်ပိုင်းကလည်း အတော်လေးကို စိတ်ရှုပ်ဖို့ကောင်းလွန်းတာကြောင့် ရှောင်းကျန့် မူးချင်တာလည်း မမှား။

"Sean..."

တစ်ကယ်ကို မှောက်သွားပြီပဲ။ Timeo ကရယ်တယ်။ အနည်းဆုံးတော့ သူမူးလို့မဖြစ်တာ ဒါကြောင့်ပဲ။ သူလိုက်လာခဲ့တာလည်း ဒါကြောင့်ပဲ။ ရှောင်းကျန့်ကို အိမ်ပြန်ပို့ဖို့နဲ့ ရှောင်းကျန့်ကို လူတွေမထိစေဖို့။ ကုတ်ဝတ်ထားလို့သာ ရှောင်းကျန့်ရဲ့ ခန္ဓာကိုယ်ကောက်ကြောင်းကို မမြင်နိုင်တာလေ။ ကုတ်ချွတ်လိုက်ရင်တော့ ကောက်ကြောင်းက လှနေရော။ 

သူ ရှောင်းကျန့် အပေါ်မှာ လိုချင်တပ်မက်မှုတွေ မရှိပါဘူး။ ဒါပေမဲ့ အလှအပတွေကို ခံစားတတ်တဲ့ မျက်လုံးတော့ရှိတယ်။ ရှောင်းကျန့်ကိုလှတယ်လို့ မမြင်တဲ့သူတွေရှိရင် သေချာပေါက် မျက်လုံးစမ်းသင့်နေပြီ။ မဟုတ်ရင်လည်း ဖောက်ထုတ်လိုက်။ အလှတရားကိုမှ မခံစားတတ်ရင် အဲ့မျက်လုံးတွေကို ဘယ်နေရာမှာ သွားသုံးမှာလဲ။ 

ရှောင်းကျန့်က လှတယ်။ နူးညံ့ပြီး မထိရက်မကိုင်ရက်လောက်အောင် လှတယ်။ ပျော့ညံ့တဲ့ အလှမျိုးမဟုတ်တာကလွဲလို့။ နှင်းဆီရိုင်းတွေမြင်ဖူးကြတယ်မလား။ လှပေမဲ့ မဆင်မခြင်တော့ သွားခူးလို့မရဘူး။ ဆူးကြောင့် အဆိပ်တတ်လိမ့်မယ်။ ရှောင်းကျန့်က အမြဲတမ်း လန်းဆန်းတက်ကြွပြီး သူ့ကို လာထိတဲ့သူတွေကို ဆူးနဲ့တိုက်ခိုက်နေမယ့် နှင်းဆီရိုင်းလေးပဲ။ ဝမ်ရိပေါ်ကလွဲလို့ပေါ့။

Aquarium, Aloe Vera and Alyssum (Completed)Where stories live. Discover now