ပုံကရှောင်းကျန့်ရွေးလာတဲ့ငါးကန်ပါ
scroll down for Zawgyi Thank you.
◇◇◇◇
Aquarium
ငါးကန်လှလှလေးတွေကိုတစ်နေရာတည်းတစ်စုတစ်စည်းတည်းမှာမြင်ချင်ရင် "Aquamarine" ဆိုင်လေးကိုတည့်တည့်မတ်မတ်သွားပါဆိုတာလေးကငါးတွေကိုအလှမွေးတဲ့လူတွေကြားမှာသိပ်ရေပန်းစားတာ။
ငါးလေးတွေကိုအလှမွေးရတာကြိုက်တဲ့ ရှောင်းကျန့်အတွက်တော့ လောလောလတ်လတ်သိလာတဲ့ဒီဆိုင်လေးကိုတစ်နေ့တော့မရောက်ရောက်အောင်သွားဦးမယ်။ ငါးမွေးချင်လို့စုံစမ်းဖြစ်ပေမဲ့သဘောကျတဲ့ဆိုင်မတွေ့သေးတာရယ်၊ သူလိုချင်ငါးဖြစ်တဲ့ "Betta" or " Siamese fighting fish" (ဒေါင်းငါးအမျိုးအစားငါးတစ်မျိုး)ကို မရတာရယ်ကြောင့်မဝယ်ဖြစ်သေးတာ။ ရှောင်းကျန့်ရဲ့ဆန္ဒတွေကိုဒီဆိုင်လေးကတော့ဖြည့်ဆည်းပေးလိုက်ပြီ။
'ပင်မှည့်သီး' အမည်ရှိတဲ့ခရီးသွားလုပ်ငန်းစုဆိုတာ တရုတ်ပြည်မှာနာမည်ကြီးထိပ်သီးခရီးသွားအေဂျင်စီတစ်ခုပဲ။ နိုင်ငံတကာနဲ့လဲဆက်စပ်ထားတယ်။
လုပ်ငန်းရဲ့နာမည်ကြောင့်စိတ်ဝင်စားကြတဲ့လူတွေရယ်
ခရီးသွားမယ်ဆို 'ပင်မှည့်သီး' အေဂျင်စီနဲ့မှ အဆင်ပြေမယ်
ဆိုပြီးကြော်ငြာဝင်ကြတဲ့သူတွေရယ် ဆိုပြီး ရှိတော့အောင်မြင်လွန်းတယ်လေ။
CEOလေးကနတ်သားလေးလို ချောတာကိုလဲမပါမဖြစ်ထည့်ပြောရမှာပေါ့။
အဲ့ဒီ လုပ်ငန်းစုပိုင်ရှင်ရဲ့နာမည်က ရှောင်းကျန့်။လုပ်ငန်းစုကြီးရဲ့ပိုင်ရှင်မို့လို့ အသက်ကြီးကြီးလူတစ်ယောက်လို့ မထင်လိုက်လေနဲ့ 33နှစ်အရွယ်လူငယ်လေး။
ရှောင်းကျန့်လိုအမျိုးသားမျိုးနဲ့ လက်ထပ်ချင်ကြတာ မိန်းမပျိုတိုင်းရဲ့အိပ်မက်ပဲ။
ရှောင်းကျန့်ဆိုတဲ့လူသားကအရာရာမှာပြီးပြည့်စုံနေတာ။ လုပ်ငန်းစုကိုလဲပိုင်နိုင်အောင်ထိန်းချုပ်နိုင်တယ်။ သူ CEO ဖြစ်လာတဲ့ ၅ နှစ် အတွင်းမှာ "ပင်မှည့်သီး"ခရီးသွားအေဂျင်စီကခရီးတစ်ခုမှ cancel ဖြစ်ခဲ့တာမျိုးမရှိဘူး။ ရာသီဥတုမကောင်းရင်မရတဲ့တစ်နည်းနည်းနဲ့ သွားချင်တဲ့နေရာကိုအချိန်မီပို့ပေးမှာပဲ။ အဲ့တာတွေကြောင့် ခရီးသွားလုပ်ငန်းစုတွေအများကြီးရှိပါလျက်နဲ့ ရှောင်ရှောင်းကျန့်ဆိုတဲ့နတ်သားလေးပိုင်တဲ့ အေဂျင်စီကိုပဲ လူတွေကသည်းသည်းလှုပ်ကြတော့တာပေါ့။
YOU ARE READING
Aquarium, Aloe Vera and Alyssum (Completed)
Fanfikceအချစ်လို့ပြောရင် Aquarium Aloe Vera Alyssum လို့ပဲဖြေမယ်။ It's BJYX! Mature on! read at your own risk :D