Aquarium, Aloe Vera and Alyssum~35(Final)~

964 51 13
                                    

Scroll down for Zawgyi. Thank youu<33

~ ~ ~ ~

Switzerland

"Sean"

Keller Family ရဲ့ private jet ပေါ်က ရှောင်းကျန့် ဆင်းလာချင်းမှာပဲ Mr. Keller ကိုယ်တိုင် လာကြိုတယ်တဲ့လေ။ ကမ်းပေးထားတဲ့ လက်ကို ရှောင်းကျန့်က အကြည့်လေးတစ်ချက်တောင် မပေးခဲ့။ 

"ကိုယ့်သားအရွယ်ပဲရှိတဲ့ Sean အပေါ်
မကောင်းတဲ့ စိတ်မျိုးမရှိတာကိုတော့
ယုံကြည်ပေးစေချင်တယ်...
ငါလိုချင်တာရှိရင် တစ်ခဏလေးနဲ့ရနိုင်တာမို့
လေးစားမှုလေးတော့ထား"

"Keller Family ရဲ့ကျေးဇူးကြွေးက 
၂ နှစ်ရှိနေတာမို့လို့ ရောက်လာတယ်ဆိုတာကို
သိထားပေး"

ရှောင်းကျန့်နဲ့ Mr. Keller ရဲ့ ဆက်ဆံရေးက တင်းမာတာမျိုးမဟုတ်ပေမဲ့ Mr. Keller ပေးလာတဲ့ ဂရုစိုက်မှုတွေကို မလိုချင်တာမျိုးပါပဲ။ ကျေးဇူး‌ကြွေးတွေ ထပ်အတင်မခံချင်တော့ဘူး။

"Keller Family အဖြစ်
လူတိုင်းလိုချင်နေကြတာ Sean
မင်းလိုလူမျိုး နောက်တစ်ယောက်ရှိလာရင်တောင်
ငါတို့မိသားစုနဲ့ သင့်တော်တာ မင်းပဲရှိတယ်
Timeo နဲ့လက်ထပ်ဖို့ သဘောတူရင်...
ဒီအိမ်တော် ဒီအာဏာတွေရဲ့
တစ်ဝက်ကို မင်းပိုင်လိမ့်မယ်"

"အဖေရဲ့ စိတ်ကူးယဉ်တာတွေ
မတော်နိုင်သေးဘူးလား"

ရှောင်းကျန့်က လေယာဉ်အကြာကြီးစီးလာရပြီး ပင်ပန်းနေပြီ။ ဒီငြင်းခုန်မှုတွေထဲ ဝင်မပါချင်တော့ဘူး။ သူ့အရည်အချင်းကို အသုံးချပြီး အမြင့်ကိုတက်ချင်နေတဲ့ လူတွေဆီကနေ သူထွက်ပြေးချင်နေပြီ။ 

အကယ်၍ သူဒီကိုမလာဘူးဆိုရင် Keller အိမ်တော်ရဲ့အင်အားက လုပ်ငန်းစုဆီကနေ ဖယ်ခွာသွားလိမ့်မယ်။ Keller နဲ့ ရန်သူမဖြစ်တာက အကောင်းဆုံးရွေးချယ်မှုပဲ။ သူ့ရဲ့ရွေးချယ်မှုက ဟွားလျှို့ဆီ သက်ရောက်နေမှာမို့လို့ သူအတတ်နိုင်ဆုံးက သည်းခံဖို့ပါပဲ။ 

"Sean နားဖို့ကို လိုက်ပို့ပေးလိမ့်မယ်
ကျွန်တော်နဲ့ အဖေကတော့ဆွေးနွေးဖို့လိုနေပြီ"

ရှောင်းကျန့်က ခေါင်းတစ်ချက်သာငြိမ့်ပြလိုက်တယ်။ သူမြန်မြန်နားရလေကောင်းလေပါပဲ။

Aquarium, Aloe Vera and Alyssum (Completed)Where stories live. Discover now