Aquarium, Aloe Vera and Alyssum~10~

875 70 2
                                    

ရှောင်းကျန့်ကလှလွန်းတယ် Alyssum ပန်း‌ခက်တစ်ခက်နဲ့တူတယ်။ ဆွဲဆောင်မှုအားပြင်းလွန်းပြီး လှလွန်းလို့ မထိရက် မကိုင်ရက် တစ်ကယ်နူးနူးညံ့ညံ့လေး T_T ။


scroll down for Zawgyi thank you.

~ ~ ~ ~

Carpet of Snow (one kind of Alyssum)

"ရှောင်းကျန့်မှာအိပ်မက်တွေရှိလား"

"ဒီစီးပွားရေးလောကထဲက

ထွက်ပြီးရင် Switzerland က

Aquarium ကိုသွားလည်ချင်တယ်"

ရိပေါ်နဲ့ရှောင်းကျန့်ရဲ့ second dateက 'ပင်မှည့်သီး' ခရီးသွားလုပ်ငန်းစုအပေါ်ဆုံးထပ်မှာရှိတဲ့ ရှောင်းကျန့်ရဲ့ရုံးခန်း။ မမျှော်လင့်ပဲရောက်လာတဲ့ ဝမ်ရိပေါ်က ကျောင်းပြေးလာတဲ့ လူဆိုးလေးပါပဲ။ ရှောင်းကျန့်ကိုလွမ်းလို့ဆိုတဲ့ အကြောင်းပြချက်ကြီးကိုင်ပြီးရောက်လာတော့ ရှောင်းကျန့်မှာပျော်ရမလို ဆူရမလို။ ဘာပဲဖြစ်ဖြစ် ရှောင်းကျန့်ကအကြီးမို့လို့ ဆူကိုဆူရမှာပါပဲ။

"နောက်ဆိုမလာနဲ့..."

"ဘာလို့လဲ...မိန်းမလှလေးတွေနဲ့

တွေ့နေမှာမို့လို့မလာစေချင်တာလား"

"ကျောင်းပြေးတာမကောင်းဘူး"

"ရှောင်းကျန့်အတွက်မို့လို့

လူဆိုးဖြစ်ချင်နေတာပါ"

ဝမ်ရိပေါ်ကို ရင့်ကျက်တဲ့လူငယ်လေးလို့ ရှောင်းကျန့်ထင်တာ။ သူ့ထက်ဂျစ်တဲ့ လူလည်လေး။

"စကားတွေတအားတတ်နော်...

မိန်းကလေးဘယ်နှယောက်နဲ့တွဲပြီးပြီလဲ"

"ရှောင်းကျန့်ကသာ ပထမ...

ရှောင်းကျန့်ကသာ ဒုတိယ

ရှောင်းကျန့်ကသာ..."

"တော်ပြီ...သိပြီ"

ရိပေါ်ပါးစပ်ကိုပိတ်လို့ အကြည့်တွေကိုရှောင်ဖယ်သွားတဲ့ ရှောင်းကျန့်ကို ရိပေါ်ဖက်နမ်းပစ်လိုက်ချင်ပါတယ်။

Aquarium, Aloe Vera and Alyssum (Completed)Where stories live. Discover now