Aquarium, Aloe Vera and Alyssum~28~

580 46 11
                                    

Scroll down for Zawgyi thank youu

~ ~ ~ ~

'ထာဝရဆိုတဲ့ မသေချာ မရေရာတဲ့ အချိန်အတွက် ကျုပ်ကတိတွေမပေးဘူး လက်ရှိအချိန်ကာလမှာ ခင်ဗျားကလွဲ ကျုပ်မှာ တစ်ခြားသူမရှိဘူး မတည်နိုင်တဲ့ကတိတွေကိုလဲ ပါးစပ်သရမ်းပြီးမပြောတတ်တာမို့ ကျုပ်အခုပေးတဲ့ ကတိကိုတော့ ခင်ဗျားယုံလိုက် ရှောင်းကျန့်'

'လူငယ်လေးတွေများ စကားသိပ်တတ်လွန်းပါတယ်နော်'

အရှေ့က ဝန်ထမ်းကောင်မလေးမှာတော့ သူတို့ရဲ့ဘော့စ်အသစ် ပွဲကြမ်းရင်ကြောက်ဖို့ကောင်းတာမို့ ကော်ဖီလာပို့တာတောင် မဝံ့မရဲ။ ဒါပေမဲ့ တစ်စုံတစ်ယောက်ဆီ စာပို့နေတဲ့ ဘော့စ်ကတော့ သူမဟုတ်သလိုပဲ ပြုံးနေတယ်။ သူ့ကိုမျက်လုံးလှန်ကြည့်လာတဲ့ အချိန်မှာတော့ တစ်ခြားသူတစ်ယောက်ဖြစ်သွားရပြန်ပြီ။

ကြောက်ကြောက်နဲ့ပြေးထွက်သွားတဲ့ ဝန်ထမ်းကိုကြည့်ပြီး ရိပေါ်မျက်မှောင်ကြုံ့တယ်။ ဒီလောက်ချောတဲ့ မျက်နှာက လန့်စရာကောင်းနေလို့လား။

'လူငယ်လေး...အဆင်ပြေတယ်မလား'

'‌ကျုပ်ကပြေပေမယ့် ခင်ဗျားကိုလွမ်းနေတဲ့ ကျုပ်ရဲ့တစ်နေရာကတော့ ပြေမနေဘူး'

'ကိုယ်ဒီညမအားဘူး'

'သိပြီ'

ဘာဖြစ်လို့မအားတာလဲ ဆိုတာကို ဝမ်ရိပေါ် မမေးလိုဘူး။ ရှောင်းကျန့်သာပြောချင်ရင် စာပို့တဲ့ အထဲ ထည့်ပြောလိမ့်မယ်။ ဒါပေမဲ့ ခံစားချက်တွေကောင်းမနေဘူး။

'သခင်လေး Sean ကို လုပ်ကြံဖို့
Boss ရဲ့အဖေက လွှတ်ထားတဲ့သူကို ခြေရာခံမိပါပြီ'

ဖုန်းဆီက တောင်ခနဲမြည်သံကို ရှောင်းကျန့်လို့မျှော်လင့်တကြီးကြည့်လိုက်ပေမယ့် ရှောင်းကျန့်တော့မဟုတ်ဘူး။ ဒါပေမဲ့ ရှောင်းကျန့်နဲ့တော့သက်ဆိုင်တယ်။

'ဘယ်နေရာမှာ ဖမ်းထားရမလဲဆိုတာ သိရင် လှုပ်ရှားတော့'

အခုချိန်မှာတော့ အချစ်တွေပြည့်ဝနေတဲ့ ဝမ်ရိပေါ်ရဲ့ မျက်ဝန်းတစ်စုံက သွေးဆာပြီး ရက်စက်တဲ့မျက်ဝန်းတွေဆီပြောင်းလဲသွားပြီ။ ရှောင်းကျန့်ကို အန္တရာယ်ပေးဖို့အထိ စေခိုင်းတဲ့ အဖေဖြစ်သူရဲ့ အကြံအစည်က သူ့ကို မထီမဲ့မြင်လုပ်နေသလို ခံစားရတယ်။ Mr. Wangဆိုတဲ့ မြေခွေးအိုကြီးက သူ့ရဲ့သားဖြစ်သူကို လျှော့တွက်တာလား အလေးမထားတာလားမသဲကွဲတော့ဘူး။

Aquarium, Aloe Vera and Alyssum (Completed)Where stories live. Discover now