Alyssum means "worth beyond beauty" or "sweetness of soul" in the Victorian language of flowers.
scroll down for Zawgyi thank you.
~ ~ ~ ~
Alyssum
ရိပေါ်နဲ့အတူတူ alyssum ပန်းတွေစိုက်ချင်တယ်ဆိုတဲ့ ရှောင်းကျန့်ရဲ့ စကားကြောင့် Wonderland white အမျိုးအစားတွေကို လိုက်ရှာဝယ်ဖြစ်တယ်။
Wonderland White မှာမှ အရောင်တွေရောစပ်ပစ်တာမျိုးရှိသေးတာကြောင့် white ကိုမှ pure ဖြစ်တာမျိုးကိုလိုက်ရှာရသည်။ သူ့ရဲ့ ရှောင်းကျန့်က အဖြူရောင် alyssum ပန်းလေးတစ်ပွင့်မလား။
ရိပေါ်ရောက်နေတဲ့ ပန်းဆိုင်လေးက ထူးထူးဆန်းဆန်းဆိုင်လေးတစ်ခုပါ။
နာမည်က အစ Crazy Canola turtle တဲ့။ နာမည်လေးက အစဆန်းဆန်းလေး။
ပန်းအမျိုးအစားပေါင်းစုံရှိပြီး လက်ဆောင်ပေးဖို့ပန်းလိုချင်တာလား၊ ကိုယ်တိုင်ပျိုးဖို့ မျိုး လိုချင်တာလား။ Customer အလိုကျ စီမံပေးနိုင်တဲ့ ဆိုင်လေးတစ်ခုမို့ တော်တော်လေးတော့ လူစည်တယ်။
"Classic Redက
အခု ချက်ချင်းရနိုင်မလား"ပျိုးထားပြီးသား Alyssum တွေကို ရိပေါ်လိုက်ကြည့်နေတုန်းမှာပဲ မေ့မရနိုင်တဲ့အသံချိုချိုလေးကိုကြားလိုက်ရတာမို့ နားကြားများ မှားမိသလားလို့ ဆိုင်ဘက်ကိုလှည့်ကြည့်လိုက်မိသည်။ မမှားနိုင်တဲ့ သူရဲ့တစ်ဦးတည်းသောသူလေးပါပဲ။
"ထုံးစံအတိုင်း
အိမ်ထောင်ဖက်တွေ့ရပြန်တာလား""ဒီတစ်ခါကတော့
အိမ်ထောင်ဖက်ရယ်လို့
မဟုတ်ပါဘူး""အတည်ဖြစ်တော့မှာပေါ့
ကျွန်မတို့ဆိုင်တော့
ဝယ်နေကျအစ်ကိုချောချောလေး
တစ်ယောက်လျော့တော့မှာပဲ"ရှောင်းကျန့်မျက်နှာမှာ ရှက်ပြုံးလေးတွေဖြစ်ထွန်းလာတော့ ပန်းဆိုင်က ကောင်မလေးတွေမှာ ငေးခနဲ။ ဒီဆိုင်က ရှောင်းကျန့်အိမ်ထောင်ဘက်တွေ့တိုင်း ပန်းစည်းဝင်ဝယ်ရတဲ့ဆိုင်ပါပဲ။ ခဏခဏဝင်ဝယ်နေလို့တောင် အကုန်လုံးကသိနေကြပြီ။
ရိပေါ်မျက်မှောင်ကြုံ့လိုက်သည်။ ရှောင်းကျန့် အိမ်ထောင်ဘက်တွေ့ရတာကို သူသတင်းသဲ့သဲ့ ကြားဖူးပေမဲ့ ရှောင်းကျန့်ကလဲ အရေးတယူလုပ်ပြီး မပြောပြဘူး။ မိန်းကလေးတွေဝိုင်းနေတာသိပေမယ့် စိတ်မပူခဲ့မိ။ အိမ်ထောင်ဘက်တွေ့တာကတော့ စိုးရိမ်ရတယ်လေ။ နောက်တော့ အခုရှောင်းကျန့်ပြုံးလိုက်တဲ့အပြုံးက အဓိပ္ပာယ်တစ်မျိုးသက်ရောက်နေတယ်မလား။
YOU ARE READING
Aquarium, Aloe Vera and Alyssum (Completed)
Fanficအချစ်လို့ပြောရင် Aquarium Aloe Vera Alyssum လို့ပဲဖြေမယ်။ It's BJYX! Mature on! read at your own risk :D