scroll down for Zawgyi thank you
~ ~ ~ ~
Alyssum
အပြင်လေတွေမိခြင်းရဲ့ အကျိုးရလဒ်ကတော့ ရှောင်းကျန့်ကိုယ်တွေပူပြီး ဖျားသွားခြင်းပါပဲ။ ဟွားလျှို့တို့ကျောင်းရဲ့ လုပ်အားပေးက နယ်ဝေးတစ်နေရာဖြစ်တာကြောင့် ရှောင်းကျန့်လိုက်သွားခဲ့ရင် ဝမ်ရိပေါ်ကို ပိုပြီးငေးနိုင်တာမို့လို့ လိုက်သွားဖို့ဆုံးဖြတ်ထားပေမဲ့ အရှေ့ရက်က ဖြစ်သွားခဲ့တဲ့ အခြေအနေအတွေကြောင့် သူ ဝမ်ရိပေါ်နဲ့ မျက်နှာချင်းဆိုင်ရမှာကြောက်နေသလိုလို။
ကျောင်းရှေ့ထိရှောင်းကျန့်ကလိုက်ပို့ပြီးပြီကို ရှောင်းကျန့်ဖျားနေလို့ဆိုပြီး မသွားဘူး လုပ်နေတဲ့ ဟွားလျှို့ကလူဆိုးမလေး။
"ဟွားလျှို့မသွားတော့ဘူး
ဦးလေးကဖျားနေတာ..."
"ကိုယ်ပူရုံပဲ ဘာမှမဖြစ်ဘူး
သွားစရာရှိတာသွား"
"ဦးလေးကလဲ..."
"သွားပါ ကိုယ်မပါလို့
ပိုပျော်နေတာမပါလား
လိပ်ကလေး..."
ဟွားလျှို့ပြုံးပဲပြုံးပြလိုက်ပါတယ်။ ဦးလေးက သူ့အကြောင်းအကုန်သိနေတော့ ငြင်းလဲရမှာမဟုတ်။
"သိသားပဲ...သွား...
'ပင်မှည့်သီး' က coach မို့လို့
ကလေးတွေကိုစောင့်ရှောက့်ဖို့
လူပိုတစ်ယောက်လည်းထည့်ပေးလိုက်တယ်
စိတ်ချမယ်နော် ပြဿနာမရှိစေနဲ့"
"ဟုတ်ကဲ့...အဲ့တာဆို
ဟွားလျှို့သွားပြီနော်"
ကားထဲကနေမထွက်ပဲ ကျောင်းသားတွေကြားထဲ ဝမ်ရိပေါ်များရှိနေမလားဆိုပြီး ရှောင်းကျန့်လိုက်ရှာမိပါသေးတယ်။ တွေ့ရင်လဲတစ်ချက်လောက်ငေးပြီး အိမ်ပြန်ပါတော့မယ်။ မျက်နှာချင်းဆိုင်ဖို့ အင်အားမရှိသေးလို့ပါ။ crush ဆီကနေ လောလောလတ်လတ် အနမ်းခံထားရပြီး တွဲမလားလို့ အမေးခံထားရတဲ့ သူ့ကို နည်းနည်းတော့မူခွင့်ပေးပါဦးနော်။
YOU ARE READING
Aquarium, Aloe Vera and Alyssum (Completed)
Fanfictionအချစ်လို့ပြောရင် Aquarium Aloe Vera Alyssum လို့ပဲဖြေမယ်။ It's BJYX! Mature on! read at your own risk :D